မိုးမိတ်-တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ် ပြန်ရပြီးနောက် မိုးမိတ်-မြစ်ဆုံ လမ်းပိုင်းကို စစ်ရေး ဦးတည်လာနေ
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ခဲ့တဲ့ ရှမ်းမြောက် မိုးမိတ်မြို့နယ်နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီးနောက် မိုးမိတ်-မြစ်ဆုံလမ်းပိုင်းကို စစ်ရေး ဦးတည်လာတယ်လို့ မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
UWSA က ကျားဖြန့်နဲ့ဆက်စပ်သူ တရုတ်နိုင်ငံသား ၂၆ ဦးနဲ့ လူကုန်ကူးဖို့ ကြံရွယ်ခံရသူ ၆ ဦးကို တရုတ်ထံ ထပ်မံ လွှဲပြောင်းပေး
“ဝ”တပ်မတော်- UWSA က ဖမ်းဆီးရမိတဲ့ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်စပ်သူ ၂၆ ဦးနဲ့ ငွေလိမ်လည်ဂိုဏ်းမှာ အတင်းအဓမ္မ စေခိုင်းခံရသူ ၆ ဦးကို တရုတ်နိုင်ငံထံ ထပ်မံ လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က ထုတ်ပြန်ပါတယ်။
ဂေါႇဘျုင်ပဒူႈပအေဲမ်ကိုက်နီန် ခေဲင်ကဲအီကတူႈဖေးနီန် အ်ုန်တောပ် ကောန်ကညောမ် 2 အီး၊ အူအီးစီကတူႈဖေးဘာတ်
ဘိူန်းအယ်နံပ်တောပ်ဘည်က္လာင်း တိုအီးအရာပ်ကဲဒါႈ ပကပီုန်ဆျှံမ် ကဒါႇပိူည် ခေဲင်ကီုင်းအေဲမ်ကိုက်နီန် ဂေါႇမိုႈဘျုင်ဒရုင်နီန် ပဲန်ပဒူႈခေဲင်လူမ် တီုင်ကောန်အီပ်ုန်နီန် ကောန်ကညောမ် 2 အီးကတူႈဖေး ကာည်း ကောန်အီပ်ုန်အူအီး ကတူႈဖေးဘာတ်ဟာဝ်းအောႏ။
ကောလင်းမှာ လေကြောင်းဗုံးကြဲခံရမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ၅ ဦး သေဆုံး
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ မတ်လ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။