ဓာတ်ပုံ – ဒေသခံ

လွေးဇွန်မိုး၊ မတ်လ ၂၆ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာ ရုံးဝန်းထဲမှာ လက်ကျန် ဒရုန်းဗုံး ပေါက်ကွဲမှုဖြစ်လို့ ကလေး ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မတ်လ ၂၅ ရက် နေ့လယ် ၁၂ နာရီခွဲမှာ တအာင်းအမျိုးသမီးရေးရာ ရုံးဝန်းထဲမှာ ထင်းသွားသယ်ရင်း မပေါက်ကွဲသေးတဲ့ ဒရုန်းဗုံး ယူကိုင်မိရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် မဆုကလျာ၊ အသက် ၁၃ နှစ်အရွယ် မောင်နိုင်မင်းထွန်းနဲ့ အသက် ၆၃ နှစ်အရွယ် ဒေါ်အေးရွှေတို့ ထိမှန်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကလေးတွေ ထင်သွားသယ်တာ။ ထင်းသွားသယ်ရင်းနဲ့ ဖြစ်ချင်တော့ ဟိုတစ်ခေါက်က အဲဒီရုံးထဲမှာ (ဗုံး) ၂ လုံး ကျတယ်လေ။ အဲ ၂ လုံးကျတဲ့ဟာကို သူ့ရဲ့ ထိပ်ခေါင်းကျန်ခဲ့တာ။ ပေါက်ပြီးသား ထိပ်ကျန်နေတဲ့ဟာကို အဲဒီ ဒေါ်အေးရွှေက သွားကိုင်ကြည့်သေးတယ်တဲ့။ ဖြစ်ချင်တော့ အဲကလေးလည်း ကိုင်ကြည့်တာ။ ကိုင်ကြည့်ပြီးမှ သူက လာလာ ပြန်မယ်ဆိုတဲ့အချိန်မှာ အဲကလေးက လွှင့်ပစ်လိုက်တာ။ လွှင့်ပစ်လိုက်တဲ့အချိန်မှာ ပေါက်သွားတာ”

လက်ရှိမှာ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ မောင်နိုင်မင်းထွန်းကို သိန္နီပြည်သူ့ဆေးရုံမှာ ကုသဖို့ ပို့ဆောင်ထားပြီး ဒဏ်ရာသိပ်မပြင်းထန်တဲ့ မဆုကလျာနဲ့ ဒေါ်အေးရွှေတို့ကတော့ ရက်ချိန်းနဲ့ ပြန်လာပြရမယ်လို့ သိရပါတယ်။

အလားတူ ကွတ်ခိုင်မြို့နယ် ကောင်းခါး မန်ပိန်းကျေးရွာက ဒေသခံတွေရဲ့ နေအိမ်ခြံဝန်းထဲမှာ မပေါက်ကွဲပဲ ကျန်ရှိနေသေးတဲ့ ဒရုန်းဗုံး ၈ လုံး ကျန်ရှိနေသေးပြီး အဲဒီဗုံးတွေကို လာရောက်ရှင်းလင်းပေးဖို့ MNDAA တပ်ထံကို ဒေသခံတွေက တောင်းဆိုထားကြောင်း သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။