ဓာတ်ပုံ – ဒေသခံ

အလင်း၊ ဇွန် ၆ ရက် ဖလမ်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး ဒေသခံအမျိုးသားတစ်ယောက် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ ဇွန်လ ၅ ရက်နေ့မှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသွားသူဟာ ဖလမ်းမြို့နယ်၊ ဇာလိုင်ကျေးရွာမှာ နေထိုင်တဲ့ ရွာခံတစ်ဦးဖြစ်သူ ဦးဟရန်းနိုလုန်း ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ နေအိမ်ပတ်ဝန်းကျင်အနီးမှာ သန့်ရှင်းရေးလုပ်နေစဉ် စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်း မတော်တဆ နင်းမိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က ဖလမ်းမြို့နဲ့ သူ့ရဲ့ ပတ်ဝန်းကျင်တစ်ဝိုက် နေရာအနှံ့အပြားမှာ ဒေသခံပြည်သူတွေ နေ့တိုင်းသွားလာတတ်တဲ့ လမ်းကြောင်းတွေနဲ့ အခြေခံအဆောက်အအုံတွေအနီးမှာ မြေမြှုပ်မိုင်းအများအပြားကို စည်းကမ်းမဲ့ လိုက်ထောင်ထားတယ်လို့ သိရပါတယ်။

“အခုချိန်မှာ စစ်ကောင်စီတပ်က ဖလမ်းမြို့ပတ်ဝန်းကျင် နေရာအနှံ့မှာ မိုင်းတွေအများကြီး ထောင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကနေ ကင်းဝေးအောင် သတိထားကြဖို့ လိုပါတယ်” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကျေးရွာပတ်ဝန်းကျင်နဲ့ တောလမ်းတွေမှာ မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လတ်တလောမှာ မလိုအပ်ဘဲ တောင်ယာသွားတာနဲ့ တောလိုက်တာတွေကို ရှောင်ကြဉ်ကြဖို့ ဒေသတွင်းမှာ သတိပေးနှိုးဆော်မှုတွေ ရှိနေပါတယ်။

“မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် လတ်တလောမှာ တောင်ယာသွားတာ၊ တောလိုက်တာမျိုးတွေ မလုပ်ကြဘဲ သွားလာလှုပ်ရှားတဲ့အခါ အထူးသတိထားကြဖို့ လိုအပ်ပါတယ်” လို့ ဒေသခံတစ်ဦး ရွှေဖီမြေသို့ ပြောပါတယ်။

အထူးသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာခဲ့တဲ့ နယ်မြေတွေနဲ့ စခန်းချခဲ့တဲ့ နေရာဟောင်းတွေကို သွားလာတဲ့အခါ မြေမြှုပ်မိုင်းအန္တရာယ်ကနေ ကင်းဝေးဖို့အတွက် မိဘပြည်သူတွေအနေနဲ့ အထူးဂရုစိုက် သွားလာလှုပ်ရှားကြဖို့လည်း အချင်းချင်း သတိပေးနှိုးဆော်နေကြတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။