ဓာတ်ပုံ- Telegram

မိုင်းသူရ၊ မတ်လ ၂၇ ရက်၊ မိုးမိတ်

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ခဲ့တဲ့ ရှမ်းမြောက် မိုးမိတ်မြို့နယ်နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီးနောက် မိုးမိတ်-မြစ်ဆုံလမ်းပိုင်းကို စစ်ရေး ဦးတည်လာတယ်လို့ မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မြေပြင်စစ်ကြောင်းတော့ မထိုးသေးဘူး။ မိုးမိတ်မြို့အပြင် အုန်းကြောကျေးရွာကနေ ၄ မိုင်ဘက်ကို ဒရုန်းနဲ့ ဗုံးဆက်တိုက် ကြဲနေတယ်။ မြစ်ဆုံဘက်ကို ထိုးလာနိုင်တယ်”

မြစ်ဆုံရွာဟာ မိုးမိတ်နဲ့ မဘိမ်းမြို့နယ်ကြားမှာ တည်ရှိပြီး ကချင်တပ်မတော်- KIA၊ ကျောင်းသားတပ်မတော်- ABSDF နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နေရာ ဖြစ်ပါတယ်။

စစ်တပ်ဘက်က မြစ်ဆုံရွာကို ထိန်းချုပ်နိုင်ခဲ့ရင် KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်ဘက် စစ်ရေး ဦးတည်လာနိုင်တယ်လို့ မိုးမိတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“မြစ်ဆုံမှာ ရွှေလုပ်ကွက်တွေရှိတော့ စကစဘက် ပြန်ရအောင် တိုက်မယ် သဘောရှိတယ်။ အခုအခြေအနေမှာ KIA ဘက်က မဘိမ်းဘက်အထိ ဆုတ်ခွာရနိုင်တယ်”

စစ်ရေးအရ အရေးပါတဲ့ မိုးမိတ်-တွင်းငယ်လမ်းပိုင်းကို စစ်တပ်ဘက်က ၁ လနီးပါးကြာ တိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်တပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး မိုးမိတ်မြို့မှာတော့ ၄ လနီးပါး ကြာတဲ့အထိ အုပ်ချုပ်ရေးတွေ မလည်ပတ်နိုင်သေးပါဘူး။

မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်တပ် ပြန်ရပြီးနောက် မန္တလေးတိုင်းအတွင်းရှိ နေရာတွေကို ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တော်လှန်ရေးတပ်တွေဘက်က နယ်မြေတွေ ဆက်တိုက် လက်လွှတ်နေရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။