ကိုးကန့်တပ်နဲ့ ‘ဝ’တပ်တို့ ထိန်းချုပ်ဒေသမှာ တရုတ်က မြန်မာပိုင်နက်ထဲ ကျူးကျော်လာပြီး ခြံစည်းရိုးအသစ်တွေ ဆက်တိုက်တည်ဆောက်နေ
ကိုးကန့်တပ်မတော်-MNDAA နဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်- UWSAတို့ ထိန်းချုပ်ထားတဲ့ ဒေသမှာ တရုတ်က မြန်မာပိုင်နက်ထဲ ကျူးကျော်လာပြီး ခြံစည်းရိုးအသစ် တည်ဆောက်နေကြောင်း ဖြစ်စဉ်သိရှိသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
တစ်နေ့အခြေခံလုပ်အားခ အနည်းဆုံး ၂ သောင်းကျပ်ပေးဖို့ အလုပ်သမားများနေ့မှာ တောင်းဆို
တစ်နေ့သာ အခြေခံလုပ်အားခအတွက် အနိမ့်ဆုံး ၂ သောင်းကျပ်ပေးဖို့ ဒီနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ၁၃၆ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအထွေထွေအလုပ်သမားအဖွဲ့ချုပ် ( FGWM) က အလုပ်ရှင်တွေထံ ထုတ်ပြန်တောင်းဆိုထားပါတယ်။
တားမိုးညဲမှာ ရွှေဓားပြတိုက်လုယက်သွားတဲ့ တပ်သားတစ်ဦးကို ကိုးကန့်တပ်ဖွဲ့က လက်နောက်ပြန် ကြိုးချိတ်ဆွဲထားပြီး ရိုက်နှက်အပြစ်ပေး
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် တားမိုးညဲက ကျေးရွာဘက်မှာ ရွှေဓားပြတိုက်လုယက်သွားခဲ့တဲ့ တပ်ဖွဲ့ဝင်တစ်ဦး ကိုးကန့်တပ်-MNDAAက လက်နောက်ပြန် ကြိုးချိတ်ဆွဲထားပြီး ရိုက်နှက်ကာ အပြစ်ပေးခဲ့ကြောင်း ဒီအကြောင်းသိရှိသူအမျိုးသားတစ်ဦး ရွှေဖီမြေကို ပြောပါတယ်။
မုံးကိုးမှာ စစ်မှုမထမ်းတဲ့မိသားစုတွေကို MNDAA တပ်က ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ရွာပြင်နှင်ထုတ်ထား
ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့မှာ တအာင်းတပ် TNLA ရဲ့ တပ်သားတွေကို ကိုးကန့်တပ်က စစ်မှုထမ်း ခေါ်နေပြီး သူတို့တပ်ထံ စစ်မှု မထမ်းတဲ့သူတွေကို ရွာပြင်နှင်ထုတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။