ဒီကျေးရွာထဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလှူအတန်း လုပ်နေတဲ့ မြင်ကွင်းတွေ၊ ဘုရားရှိခိုးသံတွေ မြင်ရမှာဖြစ်သလို ဘုရားကျောင်းမှာ ခရစ္စယာန်ဘာသာဝင်တွေရဲ့ ဝတ်ပြုသံတွေလည်း ကြားရမှာပါ။

လက်နက်ကိုင်ပဋိပက္ခတွေကြား လူမျိုးရေး တင်းမာမှုတွေ ရှိနေတဲ့ ရှမ်းမြောက်ဒေသမှာ ဒီကျေးရွာကတော့ လူမျိုးမတူ၊ ဘာသာမတူသူတွေ အတူယှဉ်တွဲနေထိုင်နေဆဲဖြစ်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ဒီကျေးရွာဟာ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ တအာင်းဒေသ မန်တုံမြို့နယ်ထဲက အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ မိုင်းဘော်ကျေးရွာပဲ ဖြစ်ပါတယ်။ မိုင်းဘော်ရွာမှာ တအာင်း၊ ကချင်၊ ရှမ်း၊ လီဆူ စတဲ့တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတဲ့အပြင် တရုတ်လူမျိုးလည်း အတူတကွ ယှဉ်တွဲနေထိုင်ကြပါတယ်။

ဒီလို လူမျိုးမတူ၊ ဘာသာမတူတဲ့ လူမျိုးစုတွေကြား ပဋိပက္ခမဖြစ်အောင် အတူယှဉ်တွဲနေထိုင်ကြသလို မတူကွဲပြားတဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကိုလည်း အပြန်အလှန် အသိအမှတ်ပြု လေးစားကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အတူယှဉ်တွဲ နေထိုင်ရေးကို ဦးဆောင်နေတဲ့ အမျိုးသမီး ရွာသူကြီး

ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကိုယ်ဝန်သည်၊ ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ဒဏ် မိုင်းဒဏ် သင့်သူ အမျိုးသမီး

စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မြအောင် ဖြစ်ပါတယ်။

ဆရာဆရာမ မရှိတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လီဆူကလေးငယ်တွေ

ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။