ရွှေဖီမြေ၊ မေလ ၂၇ ရက်၊ နမ့်ခမ်း
တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ အထက(၁) ကျောင်းဝန်းထဲ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မရှိန်းမြတ်နဒီဆိုသူဟာ တရုတ်ကျောင်း သွားရာကနေ နေအိမ်ဘက် ပြန်မလာတော့ဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူဆီက သိရပါတယ်။
မရှိန်းမြတ်နဒီဟာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်မှာ နေအိမ်ကနေ တရုတ်ကျောင်း သွားခဲ့ပြီးနောက် ဒီနေ့အထိ နေအိမ်သို့ ပြန်ရောက်မလာဘူးလို့ ၎င်းရဲ့မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
မေလ ၂၄ ရက် ည ၆ နာရီမှာ မရှိန်းမြတ်နဒီရဲ့ ဖုန်းနံပါတ်နဲ့ အစ်မဖြစ်သူရဲ့ဖုန်းသို့ “ကွတ်ခိုင်တွင် ရောက်သည်”ဆိုတဲ့ စာတိုသာ ပေးပို့ထားပြီး သူမရဲ့ အစ်မဖြစ်သူက ည ၈ နာရီဝန်းကျင်မှာ ဖုန်းခေါ်ကြည့်ရာမှာ “ကွတ်ခိုင်မြို့ ဘောလုံးကွင်းအနီး”လို့သာ ပြန်ဖြေခဲ့တယ်လို့ ဆိုပါတယ်။
မိသားစုဝင်ဘက်က စိတ်ပူနေတာကြောင့် မရှိန်းမြတ်နဒီကို တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09-942 515 118 နဲ့ 09-983 929 500 တို့ကို ဆက်သွယ်အကြောင်းကြားပေးဖို့ အကူအညီ တောင်းခံထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။