ဓာတ်ပုံ- SRF

မိုင်းရူပ၊ မေလ ၂၇ ရက်၊ မင်းကင်း

စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ လက်အောက်ခံ မင်းကင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ ကျောင်းသားတော်လှန်ရေးတပ်တော်- SRF အကြား စစ်ရေး တင်းမာမှု ဆက်လက် ဖြစ်ပွားနေတယ်လို့ SRF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မေလ ၂၆ ရက်မှာ NUG ရဲ့ မင်းကင်းမြို့နယ် ပကဖ စစ်ရေးတာဝန်ခံ၊ စစ်ကိုင်းတိုင်းယူနစ် ကြားကာလအစိုးရနဲ့ SRF ရဲ့ဥက္ကဋ္ဌ ကိုစံတင်ထွန်းတို့ အွန်လိုင်းကနေ တွေ့ဆုံပြီးနောက် မြေပြင်မှာ တွေ့ဆုံဖို့ ညှိနှိုင်းရာ ကိုစံတင်ထွန်းကို မင်းကင်းပကဖက လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို ဖမ်းဆီးချိန် ဝင်ရောက်တားခဲ့တဲ့ လူထုတွေကိုလည်း မင်းကင်း ပကဖဘက်က ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ SRF က ထုတ်ပြန်ထားပါတယ်။

မနေ့ညနေပိုင်းမှာလည်း မင်းကင်းမြို့နယ်ရှိ SRF ရဲ့ တပ်စခန်းကို NUG ရဲ့ လက်အောက်ခံတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၉ ဦးအပါအဝင် တပ်စခန်းအတွင်းရှိ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ SRF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“အဲဒီ ရှေ့တန်းပွိုင့်က ရန်သူနဲ့ အနီးဆုံးနေရာမှာ ရှိနေတာ ဖြစ်ပြီးတော့ နှစ်ဖက်ပစ်ခတ်မှု အမြဲတမ်း ဖြစ်နေတဲ့နေရာပါ။ အဲလိုနေရာကို ဝင်စီးပြီးတော့ သူတို့အနေနဲ့ လုံခြုံရေး ပြန်ယူထားတာလည်း မရှိဘဲ ထားခဲ့တဲ့အတွက် ရန်သူက အသာစီး ယူသွားနိုင်တဲ့ အနေအထား ဖြစ်နေပါတယ်”

NUG ဘက်ကတော့ မင်းကင်းမှာ တော်လှန်ရေးတပ်အချင်းချင်းကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

NUG ရဲ့ မင်းကင်းမြို့နယ် ပကဖကတော့ SRF တပ်ဖွဲ့က လူသတ်မှုအပါအဝင် အမှု ၈ မှု ကျူးလွန်ထားပြီး NUG အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်ကာ စင်ပြိုင်အုပ်ချုပ်ရေး ဖော်ဆောင်နေသောကြောင့် အရေးယူသွားမယ်လို့ မေလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

တော်လှန်ရေး အင်အားစုတွေကတော့ NUG ရဲ့ တော်လှန်ရေးတပ်အချင်းချင်းကြား အင်အားသုံး ဖြေရှင်းမှုတွေကို ကန့်ကွက်ကြပြီး ညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းနဲ့သာ အဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။