ဓာတ်ပုံ- Local (ပုံဟောင်း)

သုတ၊ မေလ ၂၇ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲက လိုင်စင်မဲ့ယာဉ်နဲ့ ယာဉ်စည်းကမ်း မလိုက်နာတဲ့သူတွေကို ဖမ်းဆီးနေပြီး ငွေတောင်းကြမ်းနေတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ယာဉ်မောင်းလိုင်စင်အပါအဝင် နံပါတ်ပြား၊ ဆိုင်ကယ်ဘတ်မှန်၊ ဆိုင်ကယ်ဦးထုပ် မပါတဲ့သူတွေကို ယာဉ်ထိန်းရဲက ပစ်မှတ်ထားပြီး ဖမ်းဆီးနေတာပဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို ငွေ ၃ သောင်းကျပ်ကနေ ၁ သိန်းအထိ တောင်းနေတယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အခုက ရှယ်စစ်နေတာ။ လားရှိုးကြီး၊ မြို့ရှောင်လမ်းဘက်ကိုလည်း စစ်တယ်။ ပုံမှန်စစ်တာကတော့ စည်ပင်ရုံးရှေ့နဲ့ ယာဉ်ထိန်းရုံးရှေ့မှာ စစ်တာ။ ကားဆို ယာဉ်မောင်းလိုင်စင် မပါရင် ၅ သောင်း၊ ၁ သိန်းအထိ တောင်းတာ။ ဆိုင်ကယ်ဆို ပုံမှန် ၃ သောင်းတောင်းတာ”

ဒါ့အပြင် ယာဉ်ထိန်းရဲဟာ လားရှိုးမြို့ခံတွေထက် တခြားဒေသကနေ လာတဲ့သူတွေကို ပစ်မှတ်ထားပြီး ငွေတောင်းကြမ်းနေတာ တွေ့ရတယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။

နောက်ထပ် လားရှိုးမြို့ခံ အမျိုးသားတစ်ဦးကလည်း “လားရှိုးမှာက ယာဉ်ထိန်းရဲတွေက ရှယ်စစ်နေတာ။ ပိုက်ဆံလည်း ရှယ်တောင်းကြမ်းနေတာ” လို့ ပြောပါတယ်။

ယာဉ်ထိန်းရဲက ယာဉ်စည်းကမ်း မလိုက်နာတဲ့သူတွေကို ဖမ်းဆီးတာ ဖြစ်သင့်ပေမဲ့ အခုလို လိုင်စင်မဲ့ အကြောင်းပြပြီး ငွေတောင်းကြမ်းနေတဲ့အပေါ် မြို့ခံတွေက ဝေဖန်နေကြပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလထဲ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ကိုးကန့်တပ်- MNDAA ဆီကနေ ပြန်လည်ရယူခဲ့တာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။