ရှမ်းမြောက်က မြို့နယ်တချို့မှာ ဓာတ်ဆီတစ်လီတာကို ၃ သောင်းဝန်းကျင်အထိ စျေးတက်

ရှမ်းမြောက်က မြို့နယ်တချို့မှာ ဓာတ်ဆီ တစ်လီတာကို ၃ သောင်းကျပ်ဝန်းကျင်အထိ စျေးမြှင့်တက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရှမ်းမြောက်မှာ စက်သုံးဆီဈေး မြှင့်တက်မှုကြောင့် ကားခတွေလည်း ထိုးတက်နေ

ရှမ်းမြောက်မှာ စက်သုံးဆီဈေးနှုန်းတွေ နေ့စဉ်လိုလို မြှင့်တက်နေသလို လိုအပ်သလောက်လည်း ဝယ်ယူလို့မရတဲ့ အခြေအနေတွေကြောင့် ကားခ‌ အဆမတန် မြှင့်တက်လာနေတယ်လို့ ကားသမား‌တွေဆီကနေ သိရပါတယ်။

မိုင်းလားမှာ ဆီပြတ်လပ်နေပြီး ဝယ်ယူလို့မရတဲ့အထိ ဖြစ်နေ

ရှမ်းရှေ့ မိုင်းလားမြို့မှာ ဆီပြတ်လပ်နေပြီး ဝယ်ယူလို့မရတဲ့ အခြေအနေအထိ ဖြစ်နေပြီလို့ မိုင်းလားမှာ အလုပ်လုပ်ကိုင်နေသူတွေဆီက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီရဲ့ ဝန်ထမ်းတွေ ဆီထုတ်ရောင်းစားနေမှုကြောင့် ပြည်သူတွေဆီရဖို့ကြပ်တည်းလာ

မန္တလေးမှာ စစ်ကောင်စီရဲ့ လက်အောက်ခံ Non CDM ဝန်ထမ်းတွေက စက်သုံးဆီဆိုင်တွေမှာ ဆီထုတ်ယူပြီး ပြင်ပမှာ အမြတ်ယူရောင်းစားမှုတွေပြုလုပ်နေတာကြောင့် ပြည်သူလူထုအနေနဲ့ ဆီရရှိမှုအကြပ်အတည်းနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကရွှေဖီမြေကိုပြောပါတယ်။

ရှမ်းမြောက်မှာ စက်သုံးဆီစျေး ဆက်တိုက်မြှင့်တက်နေ

ရှမ်းမြောက် စက်သုံးဆီစျေးနှုန်းတွေ နေ့စဉ်လိုလို မြှင့်တက်နေပြီး မြို့နယ်အလိုက် တစ်လီတာကို ၁၂၀၀၀ ကျပ်ကနေ နှစ်သောင်းကျော်အထိ စျေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဆီ ပြတ်လပ်မှုကြောင့် လူနာပို့ဆောင်ရေး လူမှုကူညီရေးအသင်းတွေ အခက်ကြုံ

ရှမ်းမြောက်မှာ ဆီဈေး တက်လာတာနဲ့ ဆီပြတ်လပ်မှုတွေကြောင့် လူမှုကူညီရေးအသင်းတွေဟာ လူနာပို့ဆောင်ရေးလုပ်ငန်းမှာ အခက်အခဲ ကြုံနေရတယ်လို့ လူမှုကူညီရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

မန္တလေးမှာ စက်သုံးဆီသိုလှောင်ရာကနေ နေအိမ်မီးလောင်မှုဖြစ်ပွါးလို့ သားဖြစ်သူ သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စက်သုံးဆီသိုလှောင်ရာက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးပြီး တစ်ဦးမီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စက်သုံးဆီဂယက်ကြားက ရှမ်းမြောက်လူထုတွေရဲ့ အခက်အခဲ

အီရန်နဲ့ အစ္စရေး၊ အမေရိကန်တို့ရဲ့ စစ်ပွဲကြောင့် မတ်လပထမအပတ်က စတင်ကြုံတွေ့လာခဲ့တဲ့ စက်သုံးဆီအကြပ်အတည်းဟာ ၁ လနီးပါးရှိလာချိန် ရှမ်းမြောက်မှာ အဆိုးဆုံးအခြေအနေကို လူထုတွေ ရင်ဆိုင်နေရပါတယ်။

လားရှိုးမှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေသာ စက်သုံးဆီ လိုသလောက် ထည့်လို့ရပေမဲ့ လူထုတွေက ညအိပ်စောင့်ဆိုင်းနေရ

ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုသာ စက်သုံးဆီ လိုသလောက် ထည့်ပေးနေပြီး လူထုတွေတော့ ဆီရဖို့ကို ညအိပ်ပြီး စောင့်ဆိုင်းနေရတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ဓာတ်ဆီတွေ ဝယ်ယူရဖို့ ညကတည်းက ကြိုတင်တန်းဆီ စောင့်ဆိုင်းရတာတွေ ရှိနေပြီး ဓာတ်ဆီတစ်လီတာကို ၁ သောင်းခွဲအထိ ဈေးမြှင့်တက်

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဆီပြတ်လပ်မှုကြောင့် ဆီဖြည့်ရဖို့ကို ဆိုင်ကယ်နဲ့ ကားတွေက ကြိုတင်တန်းစီ စောင့်ဆိုင်းနေရတယ်လို့ လားရှိုးဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။