မိုင်းပန်ပျော်၊ မတ်လ ၂၈ ရက်၊ မူဆယ်

ရှမ်းမြောက်မှာ ဆီဈေး တက်လာတာနဲ့ ဆီပြတ်လပ်မှုတွေကြောင့် လူမှုကူညီရေးအသင်းတွေဟာ လူနာပို့ဆောင်ရေးလုပ်ငန်းမှာ အခက်အခဲ ကြုံနေရတယ်လို့ လူမှုကူညီရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်းတစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးက ဆီဈေးတက်လာတာကြောင့် လူနာပို့ဆောင်ရေးစရိတ် မြင့်တက်လာပြီး လူနာတွေ အခက်အခဲ ကြုံနေရတယ်လို့ ဆိုပါတယ်။

“ဆီဈေးတက်တော့ လူနာအတွက် အဆင်မပြေဘူးဗျာ။ မူဆယ်ကနေ မန္တလေး ဆင်းမယ်ဆိုရင် အနည်းဆုံး သိန်း ၂၅ လောက် ကုန်ပါတယ်။ ဆေးကုသစရိတ်လည်းလိုတော့ နှစ်ဖက်စလုံးအတွက် အတော်လေး အခက်အခဲ ရှိပါတယ်” လို့ သူက ပြောပါတယ်။

ဆီဈေး တက်တာထက် ဆီပြတ်လပ်တာက ပိုပြီး အခက်အခဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဆီပြတ်လပ်တော့ ခရီးမပေါက်နိုင်တဲ့အခြေအနေတွေရှိတယ်။ ဆီဘယ်မှာသွားယူမလဲဆိုတာ မသေချာဘူး။ လူနာအရေးကြီးတဲ့အချိန်မှာ ဆီမရရင် ဆေးရုံကို အချိန်မီ မရောက်နိုင်ဘူး” လို့ သူက ဆက်ပြောပါတယ်။

အထူးသဖြင့် ညအချိန် လူနာပို့ဆောင်ရတဲ့အခါ ဆီဆိုင်တွေ ပိတ်ထားတာကြောင့် ပိုပြီး အခက်အခဲ ရှိတယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ လူနာပါတဲ့ကားတွေဆိုရင် ဆီဆိုင်တချို့က ဆီထည့်ပေးကြပေမဲ့ ဆီပြတ်လပ်မှုကြောင့် ခရီးဝေးပို့ဆောင်ရေးတွေမှာ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

ဆီပြတ်လပ်မှုကြောင့် တစ်ချို့ပရဟိတအသင်းဟာ ခရီးဝေးလူနာတွေကို မပို့ဆောင်တော့ဘဲ တတ်နိုင်တဲ့ မြို့ထဲမှာကိုသာ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

လူမှုကူညီရေးအသင်းတွေက လေဖြတ်၊ ကျောက်ကပ်ရောဂါ စတဲ့လူနာတွေကို ဒေသအလိုက် ဆေးရုံတွေဘက် ပို့ဆောင်ပေးနေပြီး လူနာအခြေအနေပေါ် မူတည်ပြီး မန္တလေး၊ ရန်ကုန်၊ မြစ်ကြီးနား စတဲ့မြို့တွေအထိ ပို့ဆောင်ရတာလည်း ရှိတယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်အတွက် ဆီပြတ်လပ်မှုက လူနာပို့ဆောင်ရေးလုပ်ငန်းမှာ အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး ဒေသခံလူနာ‌တွေအတွက် လုံခြုံမှုနဲ့ အရေးပေါ် ကုသမှုကို ထိခိုက်စေနိုင်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။