Browsing Category
အမျိုးသမီးအရေး
40 posts
Empowering women through news and stories. Get inspired by the achievements of women and stay updated on women’s issues.
မူဆယ်မှာ အလုပ်ရမယ်ဆိုပြီး မိုင်းကိုင်မြို့နယ်က တအာင်း အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် စေခိုင်းခံရ၊ လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ သားမိ၂ဦး နေရပ်ပြန်သွားနိုင်ခဲ့
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ရှမ်းတောင် မိုင်းကိုင်မြို့နယ်က တအာင်းလူမျိုး အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် စေခိုင်းခံရပြီး မလုပ်နိုင်တာကြောင့် မူဆယ်မြို့မှာ ၁ လကျော်ကြာ အလုပ်အကိုင်မရှိဘဲ နေထိုင်ခဲ့ရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မူဆယ်မှာ အလုပ်ရမယ်ဆိုပြီး ပွဲစားကနေတဆင့် လုပ်ကိုင်သူတွေ ရောင်းစားခံရတာနဲ့ လိင်လုပ်သား အဓမ္မစေခိုင်းနေရတာကြောင့် သတိထားကြဖို့ လူမှုကူညီရေးအသင်းတွေ တိုက်တွန်း
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ပွဲစားကနေတဆင့် လာရောက်အလုပ်လုပ်ကိုင်သူတွေ မကြာခဏ လိမ်လည်ခံနေရပြီး သတိထားကြဖို့ တိုက်တွန်းလိုကြောင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
PSLF/TNLA ရဲ့ အမျိုးသမီးဌာနက ကျေးရွာ ၃၄ ရွာမှာ အွန်လိုင်းငွေလိမ်လည်မှုအပါအဝင် အမျိုးသမီးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်
တအာင်းတပ်မတော်- PSLF/TNLA ရဲ့ဌာနတစ်ခုဖြစ်တဲ့ အမျိုးသမီး ဖွံ့ဖြိုးရေးဌာန- WDD က ထိန်းချုပ်ဒေသထဲမှာရှိတဲ့ ကျေးရွာပေါင်း ၃၄ ရွာက ဒေသခံ ၁ ထောင်ကျော် (၁,၁၈၉ ဦး)ကို အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြင်ဦးလွင်မြို့ရှောင်လမ်းမှာ ဓါးဒဏ်ရာ၊ သေနတ်ဒဏ်ရာနဲ့ သေဆုံးပုတ်ပွနေတဲ့ အမျိုးသမီးအလောင်း ၂ လောင်းတွေ့ရှိပြီး သက်ဆိုင်ရာက သတင်းဖုံးထား
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှောင်လမ်းမှာ သေနတ်ဒဏ်ရာ၊ ဓါးဒဏ်ရာနဲ့ သေဆုံးပြီး ပုတ်ပွနေတဲ့ အလောင်း ၂ လောင်းကို တွေ့ခဲ့ပေမယ့် သက်ဆိုင်ရာက သတင်းဖုံးထားကြောင်း ကိုယ်တိုင်မြင်ခဲ့ရသူ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ကောလင်းမှာ လေကြောင်းဗုံးကြဲခံရမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ၅ ဦး သေဆုံး
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ မတ်လ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။