ပို့လဘား၊ ဧပြီ ၁ ရက်၊ နောင်ချို

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် မတ်လွတ်ကျေးရွာက အမျိုးသမီးတစ်ဦးဟာ မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ မတ်လွတ်ရွာက အသက် ၃၉ နှစ်အရွယ် ဒေါ်သီတာမွေးဆိုသူဟာ ၎င်းရဲ့ နေအိမ်အရှေ့ဘက်ရှိ လမ်းမကြီးဘေးမှာ လမ်းသန့်ရှင်းရေး လုပ်နေရင်း မိုင်း နင်းမိခဲ့တာလို့ အထက်ပါ အမျိုးသားက ပြောဆိုပါတယ်။

“အိမ်ဘေးမှာ သန့်ရှင်းရေး လုပ်နေတာ။ သူအဲမြေမြှုပ်မိုင်းကို ဂေါ်ပြားနဲ့ ခုတ်မိလိုက်တာ။ သူ့မျက်နှာ ထိတယ်။ ညာဘက်ခြေထောက် ပြတ်သွားပြီး သူလည်း အဲမှာပဲ ပွဲချင်းသေဆုံးသွားတာ”

အလားတူ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း နောင်တောရွာက အသက် ၅၇ နှစ်အရွယ် ဦးတင်လှိုင်ဆိုသူ တောင်းခမ်းဘက် ကြံ သွားတင်ရင်း မိုင်း နင်းမိပြီး ဒဏ်ရာ ရရှိခဲ့ပါတယ်။

မတ်လ ၉ ရက် နေ့လယ် ၃ နာရီဝန်းကျင်ကလည်း နောင်လိပ်ရွာက အသက် ၅၅ နှစ်အရွယ် ဦးသာနီဆိုသူဟာ နောင်လိပ်ရွာနဲ့ ၃ မိုင်ခန့်အကွာရှိ တောထဲတစ်နေရာမှာ ထင်းခုတ်နေရင်း မြေမြှုပ်မိုင်း နင်းမိခဲ့ပြီး ဘယ်ဖက်ခြေထောက် ဖြတ်လိုက်ရပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ကလေး ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ၂၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။