ဓာတ်ပုံ- TNLA

ရွှေဖီမြေ၊ ဧပြီ ၂ ရက်

တအာင်းတပ်မတော်- PSLF/TNLA ရဲ့ဌာနတစ်ခုဖြစ်တဲ့ အမျိုးသမီး ဖွံ့ဖြိုးရေးဌာန- WDD က ထိန်းချုပ်ဒေသထဲမှာရှိတဲ့ ကျေးရွာပေါင်း ၃၄ ရွာက ဒေသခံ ၁ ထောင်ကျော် (၁,၁၈၉ ဦး)ကို အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီကျေးရွာ ၃၄ ရွာဟာ နမ့်ခမ်း၊ မိုင်းငေါ့၊ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနဲ့ ကျောက်မဲ မြို့နယ်တွေထဲက ကျေးရွာတွေဖြစ်ပြီး အဓိက အမျိုးသမီးနဲ့ ပျော်ရွှင်တဲ့ မိသားစု တည်ဆောက်ရေး၊ လိင်ပိုင်းဆိုင်ရာ အသိပညာပေး၊ အမျိုးသမီးနဲ့ မူးယစ်ဆေးဝါး၊ အမျိုးသမီးနဲ့ ပညာရေး၊ မိသားစု စီမံကိန်း၊ စောစောစီးစီး အိမ်ထောင်ကျခြင်း၊ အမျိုးသမီးနဲ့ ကျန်းမာရေး၊ ကျားဖြန့်ဆိုင်ရာ အကြောင်းအရာတွေကို အသိပညာပေး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

PSLF/TNLA ရဲ့ အမျိုးသမီးဌာနဟာ ဒေသတွင်းထဲမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခြေခံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို အဓိကထားပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု လျော့ကျရေး၊ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး၊ လူထုအသိပညာပေး စည်းရုံးရေး၊ အသက်မွေးဝမ်းကြောင်းနဲ့ ဝင်ငွေ လည်ပတ်စီးဆင်းမှု တိုးတက်ရေး စတဲ့အစီအစဉ်နဲ့ လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း ကွတ်ခိုင်မြို့နယ်ထဲက ကျေးရွာ ၅၄ ရွာအပါအဝင် တအာင်းဒေသထဲရှိ ကျေးရွာပေါင်း ၉၈ ရွာက ဒေသခံ ၅ ထောင်ကျော်ကို အခုလို ကွင်းဆင်းအသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။