ဓာတ်ပုံ – ဒေသခံ

ရွှေဖီမြေ၊ ဧပြီ ၂ ရက်၊ ပြင်ဦးလွင်

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှောင်လမ်းမှာ သေနတ်ဒဏ်ရာ၊ ဓါးဒဏ်ရာနဲ့ သေဆုံးပြီး ပုတ်ပွနေတဲ့ အလောင်း ၂ လောင်းကို တွေ့ခဲ့ပေမယ့် သက်ဆိုင်ရာက သတင်းဖုံးထားကြောင်း ကိုယ်တိုင်မြင်ခဲ့ရသူ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲအလောင်းတွေကို ပြင်ဦးလွင်မြို့ရှောင်လမ်း ဖောင်းတောရွာအနီးမှာ ခရီးသွားတွေက ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်မှာ တွေ့ခဲ့ကြတာဖြစ်ပြီး သက်ဆိုင်ရာနဲ့ ရွာခံတွေကို အကြောင်းကြားခဲ့ပေမဲ့ စစ်ကောင်စီနဲ့ သက်ဆိုင်ရာတွေက သတင်းမထွက်ဖို့ပဲ ပြောကြားခဲ့ကြောင်း ဆိုပါတယ်။

‎ဒေသခံအမျိုးသားက “အလောင်းက လမ်းဘေးမှာဘဲ တွေ့တာ။ လူငယ်ပိုင်း အမျိုးသမီးဘဲ။ အလောင်းနဲ့အတူ ဖုန်းနဲ့ လက်ဝတ်ရတနာတွေလည်း တွေ့ထားတယ်။ စစ်တပ်နဲ့ လူမှုကူညီရေးကားတွေ လာကောက်သွားတယ်” လို့ ပြောပါတယ်။

‎သေဆုံးသူတွေဟာ အသက် ၂၀ ကျော်အရွယ်တွေသာဖြစ်ပြီး တစ်ဦးကတော့ ဦးခေါင်းနဲ့ ကျောပြင်မှာ ဓါးဒဏ်ရာနဲ့ သေဆုံးနေပြီး ကျန်တစ်ဦးကတော့ နားထင်နဲ့ ဝမ်းဗိုက်မှာ သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ ဒဏ်ရာနဲ့ တွေ့ခဲ့ရကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။

သေဆုံးသွားတဲ့ အဲဒီအမျိုးသမီးတွေရဲ့ နေရပ်လိပ်စာကိုလည်း မသိရတဲ့အပြင် နိုင်ငံတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲလုပ်ချိန်မှာ သတင်းမထွက်စေချင်တာကြောင့် လူမှုကွန်ယက်ပေါ် မတင်ဖို့ စစ်ကောင်စီတပ်က ဒေသခံနဲ့ မျက်မြင်သက်‌သေတွေကို ပြောဆိုထား‌တယ်လို့ ဆိုပါတယ်။

‎အလားတူ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးတင်းကြပ်ထားတဲ့ ပြင်ဦးလွင်မှာ ၂၀၂၅ ခုနှစ် နှစ်ဆန်းမှာလည်း ပြင်ဦးလွင်မြို့အထွက်က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်အနီးမှာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းတစ်လောင်းကို တွေ့ခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။