ကြူကုတ်ပန်ဆိုင်းမှာ MNDAA က တစ်အိမ်တစ်ယောက် စစ်မှုထမ်း ခေါ်ယူနေပြီး စစ်မှုမထမ်းတဲ့ နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ဆို

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့မှာ ကိုးကန့်တပ်- MNDAA က စစ်မှုထမ်း ခေါ်ယူနေပြီး စစ်မှုမထမ်းတဲ့ နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ ပြောဆိုထားကြောင်း မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်း ‌ပေါက်မိရာကနေ ပေါက်ကွဲလို့ နောင်ချိုက ဒေသခံအမျိုးသားတစ်ဦး လက်တစ်ဖက် ဖြတ်လိုက်ရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့မှာ မိုင်းကို ပေါက်မိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံအမျိုးသားတစ်ဦး လက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ မိသားစုဝင်ဆီက သိရပါတယ်။

မြေလတ်အသံအပါအဝင် သတင်းဌာန ၃ ခုရဲ့လိုင်စင် စစ်ကောင်စီ ပိတ်သိမ်း

မြေလတ်မြေအသံသတင်းဌာနအပါအဝင် Red News Agency နဲ့ Asia Citizens သတင်းဌာန ၃ ခုရဲ့လိုင်စင် ပိတ်သိမ်းကြောင်း စစ်ကောင်စီက မနေ့ မေလ ၁၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ကျောက်မဲမှာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်

ရှမ်းမြောက် ကျောက်မဲမြို့ကို တအာင်းတပ်မတော် – TNLA ထိန်းချုပ်စဉ် ရပ်ကွက် – ၆ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ခဲ့တဲ့ ဦးလှမိုးဆိုသူကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

ကျောက်မဲမှာ TNLA၊ DPLA နဲ့ PDF တပ်ဖွဲ့ဝင် ၇၂ ဦး အလင်းဝင်လာတယ်လို့ဆိုပြီး စစ်ကောင်စီ ဝါဒဖြန့်

တအာင်းတပ်မတော်- TNLA၊ ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော်- DPLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်- PDF တပ်ဖွဲ့ဝင် ၇၂ ဦး အလင်းဝင်လာတယ်လို့ စစ်ကောင်စီက မနေ့ မေလ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကွတ်ခိုင် ဟိုဖျက်အုပ်စုကျေးရွာခံတွေကို MNDAA က တစ်ရွာ ၁၀ ဦး စစ်မှုထမ်းဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖိအားပေး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ဟိုဖျက်အုပ်စုက ကျေးရွာခံတွေကို တစ်ရွာ ၁၀ ဦး စစ်မှုထမ်းပေးဖို့ ကိုးကန့်တပ်- MNDAA က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖိအားပေး ပြောဆိုခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ တက္ကနိုင်းအုပ်စုမှ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

တီးတိန်မြို့ထဲ စစ်ကောင်စီတပ် အင်အား ၆၀၀ ခန့် ထပ်မံ ဝင်ရောက်လာ

ချင်းပြည်နယ် တီးတိန်မြို့ပေါ်ရှိ တပ်ကုန်းသို့ အင်အား ဖြည့်တင်းဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀၀ ခန့်ဟာ မနေ့ မေလ ၈ ရက် ညနေပိုင်းမှာ မြို့ထဲ ထပ်မံ ဝင်ရောက်ကာ နေရာယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တအာင်းတပ်က ဖမ်းဆီးထားတဲ့ စကစ စစ်သုံ့ပန်း ၁၀၀ ကျော်ပြန်လွှတ်ပေးခဲ့တယ်လို့ တပ်မိသားစုဝင်တွေဆို

တအာင်းတပ်မတော် – PSLF/TNLA က ၎င်းတို့ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်းတွေအနက် စစ်သုံ့ပန်း ၁၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီတပ်ရဲ့ မိသားစုဝင်တွေက ၎င်းတို့ရဲ့ လူမှုကွန်ရက်တွေမှာ ရေးသားဖော်ပြနေကြပါတယ်။

ဝက်လက်မြို့နယ် လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲခံရ၊ ဒေသခံ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲခံရတာကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကလေးမြို့ရောက် Non-CDM ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ဖို့ ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်လာ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ဘေးရှောင်နေတဲ့ Non-CDM ဝန်ထမ်း ၁၀၀ ကျော်ဟာ ဒီနေ့ မေလ ၆ ရက် မနက်ပိုင်းမှာ ချင်းပြည်နယ် ဖလမ်းမြို့မှာ တာဝန်ထမ်းဆောင်ဖို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။