ရွှေဖီမြေ၊ မေလ ၁၂ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော်- TNLA၊ ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော်- DPLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်- PDF တပ်ဖွဲ့ဝင် ၇၂ ဦး အလင်းဝင်လာတယ်လို့ စစ်ကောင်စီက မနေ့ မေလ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့သူတွေထဲမှာ TNLA တပ်ဖွဲ့ဝင် ၃ ဦး၊ DPLA တပ်ဖွဲ့ဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၄၀ ဦးနဲ့ PDF တပ်ဖွဲ့ဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းတို့ကို စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေက ရှမ်းမြောက် ကျောက်မဲမြို့မှာ မနေ့ မေလ ၁၁ ရက်က ကြိုဆိုတဲ့အခမ်းအနား ပြုလုပ်ပြီး အုပ်ထိန်းသူတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ PDF အပါအဝင် တိုင်းရင်းသားလက် ကိုင်တပ်တွေကို အလင်းဝင်လာဖို့ မကြာခဏ ဖိတ်ခေါ်နေ ပြီး အလင်းဝင်လာတယ်ဆိုတဲ့သူတွေကို ကြိုဆိုပွဲတွေ မ ကြာခဏ ပြုလုပ်နေတာ တွေ့ရပါတယ်။
မနေ့ တစ်ရက်တည်းမှာပင် အာရက္ခတပ်တော်- AA ရဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင် အလင်းဝင်လာသူ ၃၁ ဦးဟာ စစ်ကောင်စီရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ အ လင်းဝင်လာကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၄ ရက်မှာလည်း တအာင်းတပ်- TNLA၊ အာရက္ခ တပ်တော်- AA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်- PDF တပ်ဖွဲ့ဝင် ၅၀၀ ကျော် အလင်းဝင်လာတယ်လို့ စစ်ကောင်စီက ဝါဒဖြန့် ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။