Browsing Category
သတင်း
3808 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ကွတ်ခိုင်က တအာင်းရွာတွေမှာ တအာင်းအလံနဲ့တအာင်းစာ မသုံးဖို့ ကိုးကန့်တပ်ပြော၊ ကျေးရွာဆိုင်းဘုတ်တချို့ကို ဖျက်ဆီးသွား
ကိုးကန့်တပ် ထိန်းချုပ်လိုက်တဲ့ ကွတ်ခိုင်မြို့နယ်က ကျေးရွာတချို့မှာ ကိုးကန့်တပ်- MNDAA က အစည်းအဝေးခေါ်ပြီး တအာင်းကျေးရွာက စာသင်ကျောင်းတွေမှာ တအာင်းအလံ မထောင်ဖို့၊ တအာင်းစာ မရေးဖို့နဲ့ ရွာအဝင်ဆိုင်းဘုတ်ကို တအာင်းအလံပုံစံ ဆေးမချယ်ဖို့ ပြောခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ်နဲ့ တအာင်းတပ် အပစ်ရပ် သဘောတူပြီ၊ တပ်နေရာ ချထားရေးနဲ့ထိန်းသိမ်းထားတဲ့ တပ်သားတွေ ပြန်လွှတ်ပေးရေး သဘောတူညီချက်ရ
ကိုးကန့်ဒေသ လောက်ကိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်-MNDAA တို့အကြား အပစ်အခတ်ရပ်ဖို့ သဘောတူညီချက် ရရှိပြီလို့ တအာင်းတပ်မတော်ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ် အကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ ကွတ်ခိုင် မန်ပိန်းရွာသူကြီးအတွက် လျောကြေးငွေ သိန်း ၃၀ ပေး၊ လျော်ကြေးငွေက နာရေးအတွက်တောင် မလောက်ငှ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာအုပ်စု မန်ပိန်းရွာသူကြီးကို ကိုးကန့်တပ်- MNDAA က ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေအနေနဲ့ ကျပ် သိန်း ၃၀ လာရောက်ထုတ်ယူဖို့ မိသားစုဝင်နဲ့ ရွာလူကြီးကို အကြောင်းကြားလို့ သွားယူခဲ့ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။
မြောင်မြို့နယ် နဘက်စံပြရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၇ ဦး ထိမှန်ပြီး ရက်သားအရွယ်ကလေး ၁ ဦးအပါအဝင် ၂ ဦး သေဆုံး
စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်စံပြရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး ထိမှန်ခဲ့ပြီး ရက်သားကလေး ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်- TGR မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကသာမြို့က စစ်ရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်း လေကြောင်း တိုက်ခိုက်ခံရ၊ သံဃာအပါအဝင် စစ်ရှောင် ၄၀ ဦးထက်မနည်း သေဆုံး
စစ်ကိုင်းတိုင်း ကသာမြို့မှာ စစ်ရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံယာတော်အပါအဝင် စစ်ရှောင် ၄၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြေပြင်ရှိ သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ ၂ ဦး ပျောက်ဆုံးနေ
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ရှိ ရွှေဖောင်တွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာ ရခဲ့တဲ့အပြင် ၂ ဦး ပျောက်ဆုံးနေတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။