Browsing Category
သတင်း
3932 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ပုပ္ပါးဒေသ ဆည်ပေါက်ချောင်းရေကြီးမှုမှာ မော်တော်ယာဥ်တစ်စီးရေစီးနဲ့မျောပါခဲ့၊ ခရီးသည်အားလုံးကိုဒေသခံပရဟိတအသင်းတွေက တစ်နာရီကျော်ကြာကယ်ဆယ်ခဲ့ရ
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသမှာရှိတဲ့ ဆည်ပေါက်ချောင်းရေကြီးရေလျှံမှုကြောင့် မော်တော်ယာဥ်တစ်စီးရေစီးနဲ့မျောပါခဲ့ရပေမဲ့ ခရီးသည်တွေကိုတော့ ကူညီကယ်ဆယ်မှုတွေပြုလုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေကရွှေဖီမြေကိုအတည်ပြုပြောဆိုပါတယ်။
ကျားဖျန့်နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး UWSAက တရားရေးကော်မတီက ထိပ်တန်းခေါင်းဆောင် ၂ ဦးကို ရာထူးဖယ်ရှားပြီး ထောင်ဒဏ်ပေး
“ဝ” တပ်မတော် – UWSA က ၎င်းအဖွဲ့ဝင် ထိပ်တန်းခေါင်ဆောင် ၂ ဦးကို အွန်လိုင်းငွေလိမ်လည်မှု (ကျားဖျန့်) နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ကော်မတီဝင်အဖွဲ့ဝင်ကနေ ဖယ်ရှားကာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ “ဝ”တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျောက်မဲမြို့မှာ မီးကြိုးတွေ ဖြတ်ခိုးခံနေရ၊ သူခိုးတွေ များပြားလွန်းတာကြောင့် သက်ဆိုင်ရာက ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေ တောင်းဆို
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ ညအချိန် မီးကြိုးတွေ ခိုးဖြတ်ခံနေရတာကြောင့် သူခိုးတွေကို သက်ဆိုင်ရာက ဖမ်းဆီးပေးဖို့ ဒေသခံတွေက လိုလားကြောင်း ကျောက်မဲမြို့ခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။