ရွှေဖီမြေ၊ ဧပြီ ၂၆ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ အမျိုးသားတစ်ဦး KTVမှာ အသုံးများတဲ့ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ (K) ရှူလွန်ပြီး သေဆုံးသွားခဲ့ကြောင်း ၎င်းနဲ့ နီးစပ်သူ ဖြစ်စဉ်ကိုသိရသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ ဧပြီ ၂၅ ရက် မနက် ၆ နာရီ ဝန်းကျင်မှာ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာနေ အသက် ၃၀ ဝန်းကျင် အရွယ် အဲလူငယ်ဟာ မူဆယ်မြို့ရှိ KTV တစ်ခုမှာ တစ်ညလုံး မူးယစ်ဆေးဝါး (K) ရှူပြီး မနက်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်ကိုသိရသူ အမျိုးသားက “နေ့ခင်းက သူတို့ သူငယ်ချင်းအဖွဲ့လိုက် ချောင်းငါးဖမ်းသွားကြသေးတယ်။ ညရောက်မှ မူဆယ်တက်ကြတာ။ တစ်ညလုံး KTV ထဲ သောက်စားကြတာ။ မနက်ရောက်မှ သေတာ” လို့ ပြောပါတယ်။

၎င်းအမျိုးသားဟာ ဓားပြတိုက်ခံရကြောင်း ဆိုကြပေမဲ့ သူနဲ့ နီးစပ်သူတွေက မူးယစ်ဆေးဝါးအသုံးလွန်ပြီး သေဆုံးတာဖြစ်ကြောင်း ဆိုကြပြီး ဖြစ်စဉ်အသေးစိတ်ကို ထပ်သိနိုင်ဖို့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မူဆယ်မြို့မှာ အမျိုးသားအပြင် အမျိုးသမီးတွေလည်း စိတ်ကို ပြောင်းလဲစေတဲ့ Happy water, K, WY နဲ့ ရွှေစတဲ့ မူးယစ်ဆေးဝါးတွေကို သုံးစွဲကြတာကြောင့် မကြာခဏ သေဆုံးတာတွေ ရှိကြောင်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်အပြင် လက်အောက်ခံ ပြည်သူ့စစ်နဲ့ လက်နက်ကိုင်ပေါင်းစုံရှိတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကြောင့် အလားတူ ဖြစ်စဉ်မျိုး မကြာခဏ ဖြစ်ပွားသလို ခိုးမှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲမှုတွေလည်း မကြာခန ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းပေးတာမရှိခဲ့ကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။