ဓာတ်ပုံ – PDF – TRI ဗျူဟာ

ရွှေဖီမြေ၊ ဧပြီလ ၂၇ ရက်

စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ တပ်ဖွဲ့ဝင် ၃၅ ဦးကို အမည်ပျက်စာရင်း ကြေညာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာက ဒီနေ့ ဧပြီ ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အမည်ပျက်စာရင်း ကြေညာခံရသူတွေထဲမှာ အမျိုးသား ၂၇ ဦး အမျိုးသမီး ၈ ဦးပါဝင်ပြီး ၎င်းတို့တွေဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ စခန်းစွန့်ခွာတာ၊ တပ်ပိုင်ပစ္စည်းခိုးယူတာ၊ ငွေကြေးအလွှဲသုံးစားပြုလုပ်တာ စတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီထံ လက်နက်ချအညံ့ခံတာ၊ လေကြောင်းတိုက်ခိုက်မှုဖို့ စစ်ကောင်စီကို နေရာပေးတာ၊ တခြားရဲဘော်တွေကို လက်နက်ချဖို့ စည်းရုံးတာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါကြောင့် ၎င်းတို့ ၃၅ ဦးကို တပ်ပြေးနဲ့ တော်လှန်ရေး သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်းကြေညာကြောင်း TRI ဗျူဟာက ဆိုပါတယ်။

TRI ဗျူဟာတပ်ဟာ မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်းမြို့နယ်တွေမှာ အခြေစိုက်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို လက်နက်ချအလင်းဝင်ဖို့ မကြာခဏ စည်းရုံးတာတွေပြုလုပ်နေပြီး ဧပြီ ၂၄ ရက်မှာလည်း တအာင်းတပ် TNLA၊ အာရက္ခတပ်တော်- AA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင် ၅၀၀ ကျော် အလင်းလာတယ်လို့ စစ်ကောင်စီက ဝါဒဖြန့် ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။