ဓာတ်ပုံ – Local

ပျားကြီး၊ ဧပြီ ၂၈၊ ကျောက်ပန်းတောင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသမှာရှိတဲ့ ဆည်ပေါက်ချောင်းရေကြီးရေလျှံမှုကြောင့် မော်တော်ယာဥ်တစ်စီးရေစီးနဲ့မျောပါခဲ့ရပေမဲ့ ခရီးသည်တွေကိုတော့ ကူညီကယ်ဆယ်မှုတွေပြုလုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေကရွှေဖီမြေကိုအတည်ပြုပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက် ညနေပိုင်းက ကျောက်ပန်းတောင်း – မြင်းခြံကားလမ်းပေါ်မှာရှိတဲ့ ဆည်ပေါက်ချောင်းဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၃ ပေကနေ ၅ ပေအထိရှိတဲ့ ရေလှိုင်းလုံးတွေစီးဆင်းခဲ့တဲ့အတွက် ချောင်းကိုဖြတ်ကူးဖို့ကြိုးစားနေတဲ့ မော်တော်ယာဥ်တစ်စီး ရေစီးနဲ့မျောပါသွားခဲ့ရတာဖြစ်ပါတယ်။

“ဒေသတွင်းသွားလာနေတဲ့ဈေးကားပါ။ သူလည်းရေတွေထဲကနေလွတ်မယ်ထင်လို့ ကူးလိုက်တာ။ ရေစီးအရမ်းသန်တော့အရှိန်နဲ့တွန်းချလိုက်သလိုဖြစ်သွားတာပဲ။ ကံကောင်းတာက ကားပေါ်မှာကုန်ပစ္စည်းတွေအပြည့်ပါတော့ ကားကအရမ်းအဝေးကြီးကိုရွေ့မသွားတာပဲ။ဒါတောင်အတော်လေးခက်ခက်ခဲခဲကယ်လိုက်ရတယ်”လို့ ကျောက်ပန်းတောင်းမြို့ခံပရဟိတအသင်းခေါင်းဆောင်တစ်ဦးကပြောပါတယ်။

ဆည်ပေါက်ချောင်းရေနဲ့အတူမျောပါသွားခဲ့တဲ့မော်တော်ယာဥ်ပေါ်မှာ ကလေးငယ် ၃ ဦး၊ အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား ၅ ဦးတို့ဖြစ်ပြီး အားလုံးကို အချိန် တစ်နာရီကျော်ကြာခက်ခက်ခဲခဲကူညီကယ်ဆယ်မှုတွေပြုလုပ်ခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။

ဆည်ပေါက်ချောင်းရေကြီးမှုကြောင့် ကျောက်ပန်းတောင်း – မြင်းခြံကားလမ်းမကို မော်တော်ယာဥ်များဖြတ်သန်းသွားလာဖို့ ၁၂ နာရီကျော်ကြာစောင့်ဆိုင်းခဲ့ရပြီး မနေ့ မနက်ပိုင်းကျမှပရဟိတအသင်းတွေရဲ့အကူအညီနဲ့ ဖြတ်သန်းသွားလာမှုတွေပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။