ဓာတ်ပုံ – စစ်ကောင်စီ

ရွှေဖီမြေ၊ ဧပြီ ၂၇ ရက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLO/PNLA တပ်ဖွဲ့ဝင် ၆၁ ဦးက လက်နက်ချ အလင်းဝင်လာကြောင်း စစ်ကောင်စီတပ်ဘက်က မနေ့ ဧပြီ ၂၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာတဲ့ PNLA တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ကြိုဆိုတဲ့ အခမ်းအနား ပြုလုပ်ခဲ့ပြီး လက်နက်ခဲယမ်းတချို့လည်း ပါလာကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

PNLO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခွန်ရိန်းယံကတော့ မြေပြင်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ PNLA တပ်ဖွဲ့ဝင် ၃၀ ရှိပြီး ခွန်တန်ဆိုသူ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“တော်လှန်ရေးရဲ့ အခက်အခဲကို ရင်မဆိုင်နိုင်တာ တစ်ကြောင်း၊ တော်လှန်ရေး စိတ်ဓာတ် ခိုင်မာမှုမရှိတာရယ်ပေါ့။ အဲတာကြောင့်ပဲ လက်နက်ချသွားတယ်” လို့ ဆိုပါတယ်။

PNLO/PNLA မှာ စစ်ကောင်စီကို တိုက်ခိုက်မယ်ဆိုတဲ့ အဖွဲ့နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် – NCA အတိုင်း စစ်တပ်နဲ့ ဆွေးနွေးမယ်ဆိုတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာဦးဆောင်တဲ့ အဖွဲ့ဆိုပြီး နှစ်ဖွဲ့ ကွဲနေပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို လက်နက်ချ အလင်းဝင်ဖို့ မကြာခဏ စည်းရုံးတာတွေ ပြုလုပ်နေပြီး စစ်ခေါင်းဆောင်ဟောင်းလည်းဖြစ် လက်ရှိသမ္မတလည်း ဖြစ်တဲ့ ဦးမင်းအောင်လှိုင်ကလည်း ရက် (၁၀၀) အတွင်း PDF တွေအနေနဲ့ လက်နက်ချ အလင်းဝင်ဖို့ ပြောဆိုထားပါတယ်။

ဧပြီ ၂၄ ရက်မှာလည်း တအာင်းတပ် – TNLA၊ အာရက္ခတပ်တော် – AA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် – PDF တပ်ဖွဲ့ဝင် ၅၀၀ ကျော် အလင်းဝင်လာတယ်လို့ စစ်ကောင်စီက ဝါဒဖြန့် ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။