တရုတ်က BRI စီမံကိန်း ပြန်လည်စတင်မှာဖြစ်ပြီး လားရှိုးရှိ (ရမခ)ထဲမှာလည်း တရုတ်က စကစအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆို

တရုတ်နိုင်ငံဟာ သူတို့နိုင်ငံကနေ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ပိုးလမ်းမ ရထားလမ်းစီမံကိန်း(BRI)ကို လာမယ့် မေလထဲမှာ စတင်တော့မှာဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်တဲ့ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ထဲမှာလည်း တရုတ်က စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်အရေးလေ့လာတဲ့ ရှမ်းမြောက်နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လွှတ်ပြီ

စစ်တပ်က အာဏာသိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်ကို ဦးမင်းအောင်လှိုင်အမိန့်နဲ့ ဒီနေ့ ဧပြီ ၁၇ ရက်မှာ ပြန်လည်လွှတ်မြောက်လာပြီ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကနေ သမ္မတ ဖြစ်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂုဏ်ပြု

သဝဏ်လွှာ ပေးပို့တာဟာ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ နိုင်ငံရေး ရပ်တည်ချက်သာဖြစ်ပြီး လူထုနဲ့ TCSN ရဲ့ နိုင်ငံရေး ရပ်တည်ချက် မဟုတ်ကြောင်း TCSN က ထုတ်ပြန်လာပါတယ်။

ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

သင်္ကြန်အတက်နေ့မှာ မကွေးတိုင်း ပေါက်မြို့နယ်က ဝန်လဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိထားတယ်လို့ လူမှုရေးရာအလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနဆီက သိရပါတယ်။

စစ်ကောင်စီတပ်စခန်းတစ်ခု ချင်း ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ ချင်းတပ်ဘက်က ၄ ဦး ကျဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ် ခွန်လီရွာတဝိုက်ရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ ကုန်းစခန်းတစ်ခုကို ချင်း ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကနေ သမ္မတ ဖြစ်လာသူကို PSLF/TNLA ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂုဏ်ပြုကြောင်း တအာင်းတပ်မတော်- PSLF/TNLA က ဒီနေ့ ဧပြီ ၁၅ ရက်မှာ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

စစ်ကောင်စီတပ်စခန်းတစ်ခု KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ရဲ့ တပ်မဟာ (၇)နယ်မြေ ဘားအံခရိုင် မဲသဝေါဒေသရှိ စစ်တပ်ရဲ့ ကြယ်ပြောင်ကုန်းစခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်စခန်းနှစ်ခု KNLA, ABSDF နဲ့ PDF တိုက်ခိုက်သိမ်းပိုက်

ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကရင်တပ်မတော်- KNLA, ကျောင်းသားတပ်မတော်- ABSDF နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လားရှိုးမှာ ခရီးသည်ကားတစ်စီး မှောက်လို့ ၄ ဦး သေဆုံး

‎ရှမ်းမြောက် လားရှိုးမြို့နယ်ထဲ ခရီးသည်တင်ကားတစ်စီး အရှိန်မထိန်းနိုင်တာကြောင့် တိမ်းမှောက်ပြီး ခရီးသည် ၄ ဦး သေဆုံးခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြင်ဦးလွင်မှာ အမျိုးသမီးတစ်ဦး ဓားနဲ့ထိုးခံရလို့ သေဆုံး၊ အဖေဖြစ်သူနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရ

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို နေအိမ်ထဲအထိ ဝင်ရောက်ကာ ဓားနဲ့ထိုးတာကြောင့် သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးလည်း ဒဏ်ရာ ရခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။