ဓာတ်ပုံ – Local

အလင်း၊ မေလ ၁၂ ရက်၊ တွန်းဇံ

ချင်းကာကွယ်ရေးတပ် (တွန်းဇံ) ၂ နှစ်လောက်ကြာ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို စစ်ကောင်စီနဲ့ ဇိုမီးတော်လှန်ရေး (ZRA) ပူးပေါင်းအဖွဲ့တို့က ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကြောင်းတွေ ထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တီးတိန်မြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ZRA ပူးပေါင်းအဖွဲ့တို့ဟာ မနေ့ မေလ ၁၁ ရက်နေ့ မနက်ပိုင်းက တီးတိန် – တွန်းဇံ ကားလမ်းပိုင်းအတိုင်း တွန်းဇံမြို့ဘက်ကို ကားတွေနဲ့ စစ်ကြောင်းတွေ ထိုးနေတာ ဖြစ်ပါတယ်။

“မနေ့ကမနက်က တွန်းဇံဘက် စစ်ကောင်စီ၊ ZRA အဖွဲ့တွေ အင်အား ၅၀ လောက် စစ်ကြောင်းတွေ ထိုးတာရှိတယ်။ စစ်ကြောင်းတွေ ထိုးဖို့အတွက် ရှေ့ပြေးကင်း အနေနဲ့ ထွက်တာဖြစ်မယ်။” လို့ တီးတိန်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မေလ ၈ ရက်နေ့ကလည်း ကလေးမြို့ဘက်က စစ်ကောင်စီအင်အား ၆၀၀ ခန့် တီးတိန်မြို့ကို ရောက်ရှိလာပြီးနောက် တွန်းဇံမြို့ဘက်ကို ဦးတည်၍ ဆက်လက် စစ်ကြောင်းတွေ ထိုးနေတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

အခုစစ်ကြောင်းတွေထဲမှာ ZRA တပ်ဖွဲ့ဝင်တွေ ပါလာတာကြောင်း ၎င်းတို့ဟာ မြေပြင်အခြေအနေ လမ်းကြောင်းတွေကို ကျွမ်းကျင်တဲ့အတွက် တိုက်ပွဲဖြစ်ပါက ပိုမိုပြင်းထန်လာတယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

“နယ်မြေကျွမ်းကျင်တဲ့ ZRA တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းမှာ ပါဝင်လာတာကြောင့် ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်” လို့ တွန်းဇံဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ တီးတိန်-တွန်းဇံ လမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို မေလ ၁၁ ရက်နေ့မှစ၍ စစ်ရေးအခြေအနေကြောင့် ရက်အကန့်သတ်မရှိ ယာယီပိတ်ပင်လိုက်တယ်လို CDF တွန်းဇံ က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တွန်းဇံဘက် စစ်ကောင်စီ စစ်ကြောင်း ထိုးလာပါက ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ ထွက်ပြေးတိမ်းရှောင်စရာမလိုဘဲ စစ်ကောင်စီကို တိုက်ခိုက်ဖို့ အင်အားလုံလုံလောက်လောက်ရှိတယ်လို့ CDF တွန်းဇံက ပြောပါတယ်။

တွန်းဇံမြို့ကို လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ချင်းလန်းကောင်စီ (CC) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။