ဓာတ်ပုံ – Local

သုတ၊ မေလ ၁၂ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ မှာ သူခိုးတွေ သောင်းကျန်းနေပြီး နေအိမ်ဖောက်ထွင်းခံရတာနဲ့ မီးကြိုးတွေ ခိုးယူခံနေရတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

သူခိုးတွေဟာ ညဘက် လူအိပ်ချိန် သန်းခေါင်ယံမှာ ခိုးယူ နေတာဖြစ်ပြီး ရပ်ကွက်အများစုမှာ မီးကြိုးတွေ ခိုးယူခံနေရသလို နေအိမ်ထဲအထိ အုပ်စုလိုက်ဖွဲ့ပြီး ကားခိုးယူတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ လားရှိုးမြို့ခံ အမျိုးသား တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဒီနေ့ မနက် ၂ နာရီမှာ ရပ်ကွက်- ၁ မှာ နေအိမ်ထဲအထိ ဖိုးဝီးကားတစ်စီး ဝင်ခိုးခံရတာ။ ကားတွေရော၊ မီးကြိုး၊ ဆိုင် ကယ်ရော ခိုးခံနေရတာ။ မနေ့ည တစ်ရက်တည်း ခိုးမှု ၄၊ ၅ မှုဖြစ်တယ်။ မီးပြန်လာတော့ မီးကြိုးပြင်ကြတော့ မီး ကြိုးအသစ်တွေ ခိုးကြတာ” လို့ ဆိုပါတယ်။

ဒါ့အပြင် လားရှိုးမြို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ပိုများ လာတာကြောင့် သူခိုးတွေ သောင်းကျန်းနေတာဖြစ်ပြီး စစ်ကောင်စီဘက်က ထိထိရောက်ရောက် အရေးယူနိုင်တာ မတွေ့ ရဘူးလို့ နောက်ထပ် လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

“သူခိုးတွေက အဖွဲ့လိုက်ခိုးတာ။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုပြီး သတင်းအရင်လိုက်တာ။ ပြီးမှ လှုပ်ရှားတာ။ ကား ပျောက်ရင် ပြန်ရတာရှားတယ်။ မူးယစ်ဆေးဝါးဆိုလည်း စစ်နေတာပဲ။ ဘာမိလည်းတော့ မသိဘူး”

ဒါ့အပြင် လားရှိုးမြို့ကို စစ်ကောင်စီ ထိန်းချုပ်ပြီးနောက် ခိုးမှုတွေအပါအဝင် ဓားပြမှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲမှုတွေလည်း ခပ်စိပ်စိပ် ဖြစ်ပွားနေတယ်လို့ လားရှိုးမြို့ခံတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာလည်း အမျိုးသား ၂ ဦးက ကား ဝယ်မယ်လို့ဆိုကာ ကားပွဲစား အမျိုးသားကို သတ်ဖြတ်ပြီး ကားကို လုယူသွားကာ တရားခံကို စစ်ကောင်စီဘက်က ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။