ဓာတ်ပုံ- WSP

ရွှေဖီမြေ၊ မေလ ၁၂ ရက်၊ ပန်ဆန်း

“ဝ”တပ်မတော်- UWSA က တရုတ်နိုင်ငံဘက်က ဖမ်းဆီးပေးဖို့ တောင်းခံထားတဲ့ ကျားဖျန့် (အွန်လိုင်း ငွေလိမ်လည်မှု)ဦးဆောင်သူ ၄ ဦးနဲ့ ၎င်းတို့နဲ့ဆက်စပ်ပါဝင်သူ ၃၉ ဦးကို တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က ထုတ်ပြန်လာပါတယ်။

ကျားဖျန်း ၄၃ ဦးဟာ တရုတ်နိုင်ငံသားတွေဖြစ်ကြပြီး ပန်ဆန်းခေါ် ပန်ခမ်းမြို့ရှိ မုန်အာ နယ်စပ်ဂိတ်ကနေတဆင့် တရုတ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း မနေ့ မေလ ၁၁ ရက်မှာ ထုတ်ပြန်ထားတာပါ။

အခုလို တရားခံ လွှဲပြောင်းပေးခြင်းအားဖြင့် “ဝ”ပြည် တရားစီရင်ရေးကော်မတီနဲ့ တရုတ်တို့အကြား သတင်းအချက်အလက် မျှဝေခြင်း၊ အမှုပူးပေါင်းစစ်ဆေးခြင်း၊ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ခြင်းတွေကို ပြသခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

UWSA ဟာ တရုတ်က ဖမ်းဆီးပေးဖို့ အကြောင်းကြားတဲ့ ကျားဖျန့်တွေကို ဆက်တိုက် ဖမ်းဆီးပြီး တရုတ်ထံ လွှဲပြောင်းပေးတာ၊ ကျားဖျန့်နဲ့ဆက်စပ်မှုရှိတဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူတာတွေ ဆက်တိုက် လုပ်ဆောင်လာနေသလို ဒေသထဲ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကိုလည်း ဆက်တိုက် ပြန်ပို့နေပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်မှာလည်း UWSA က မိုင်းလားတပ်- NDAA နဲ့ ပူးပေါင်းပြီး တရုတ်နိုင်ငံသား ၁၀ ဦး ပါဝင်တဲ့ ကျားဖျန့်လုပ်ကိုင်သူ ၇၈ ဦးကို မိုင်းလားမြို့ တာလော့နယ်စပ်မှာ ဖမ်းဆီးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။