တအာင်းတပ်နဲ့ ကိုးကန့်တပ်အကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကို ကြားဝင်ဖြေရှင်းပေးဖို့ FPNCC ကို စာပို့ထားတယ်လို့ PSLF/TNLA ပြော
တအာင်းတပ်မတော်- TNLA နဲ့ ကိုးကန့်တပ်မတော်- MNDAA အကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကို ဖြေရှင်းပေးဖို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ- FPNCC ကို စာပို့ထားတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။