ဓာတ်ပုံ – Screenshot

ဆုမွန်၊ ‌ဇွန်လ ၉ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ရွှေအရောင်းအဝယ် လုပ်နေတဲ့ လင်မယားနှစ်ဦးကို အမည်မသိ အမျိုးသား ၄ ဦးက သေနတ်ထောက်ပြီး ဓားပြတိုက်သွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ ဇွန်လ ၈ ရက် နေ့လယ်ပိုင်းမှာ မူဆယ်မြို့ တောင်ရပ်ကွက်မှာ နေထိုင်တဲ့ အဆိုပါ လင်မယားနှစ်ဦးဟာ ဈေးကနေ ပြန်လာချိန်မှာ ဓားပြတိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေသခံအမျိုးသားက “ဈေးမှာ သူတို့ ရွှေဆိုင်ဖွင့်ထားတယ်။ ဈေးကနေ ပြန်လာတဲ့အချိန် လမ်းတစ်ဝက်မှာ ဓားပြတိုက်ခံရတယ်။ သူတို့နှစ်ယောက်ပါလာတဲ့ပစ္စည်းတွေ အကုန်ပါသွားတယ်။ တော်သေးတာပေါ့။ သူတို့နှစ်ယောက်က ဘာမှမဖြစ်သွားဘူး။ အဲဒီဓားပြတွေက စက်မှုဘက် ထွက်သွားပြီး အဲဘက်မှာပဲ သူတို့ ကားရပ်ထားတယ်။ သူတို့ ကားစက်တောင် မပိတ်သွားဘူး။ ကားစက်နှိုးထားပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားကြတယ်” လို့ ဆိုပါတယ်။

ဓားပြတိုက်သွားတဲ့ အဆိုပါ အမျိုးသား၄ ဦးကတော့ လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ဓားပြတိုက် လုယက်ခံရမှုမှာ ဘာတွေပါသွားလဲဆိုတာလည်း တိတိကျကျမသိရေသးပါဘူး။

နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မှာ အခုလို လုယက်မှု၊ ဓားပြတိုက်မှုတွေအပြင် ခိုးမှုတွေလည်း မကြာခဏဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း မူဆယ်မြို့ရှိ “888 BBQ” စားသောက်ဆိုင်မှာရှိတဲ့ ဆိုင်ကယ်တစ်စီးကို အမည်မသိ အမျိုးသား ၃ ဦးက ခိုးယူသွားခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့အပြင် လားရှိုးမြို့မှာလည်း အခုလို ဓားပြတိုက်မှု၊ လူသတ်မှုနဲ့ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး သက်ဆိုင်ရာတွေက လက်ရှိအချိန်အထိ ထိရောက်တဲ့ အရေးမှုတွေ လုပ်ဆောင်နိုင်တာ မရှိဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။