ဓာတ်ပုံ- Local

လွေးလာဝ်ဇာရ်၊ ‌ဇွန်လ ၉ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ပန်ယုတ်ကျေးရွာမှာ သစ်ပင်လဲကာ ပိမိရာကနေ ၄ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး ကလေး ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဇွန်လ ၉ ရက် မနက် ၈ နာရီဝန်းကျင်မှာ သစ်ပင်လဲကျခဲ့တာဖြစ်ပြီး ၄ နှစ်အရွယ် အမွှာကလေးငယ် ၂ ဦး ထိခိုက်ခဲ့ရာ တစ်ဦးကတော့ သေဆုံးသွားကြောင်း သိရပါတယ်။

ဒါ့အပြင် အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးလည်း သစ်ပင် လဲကျမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရွာခံအမျိုးသားတစ်ဦးက “သူတို့အိမ်ဘေးက သစ်ပင် လဲကျတာ။ သူတို့အိမ်ပေါ်ကို လဲကျတော့ အမွှာနှစ်ယောက်ထိတာ။ မိန်းကလေးက သေသွားတယ်။ နမ့်ခမ်း ဆေးရုံသွားတာ မနိုင်လို့ဆိုပြီး မူဆယ် သွားခိုင်းတာ။ လမ်းတစ်ဝက်ရောက်တော့ သူအသက်မရှိတော့ဘူး။ ယောက်ျားလေးကတော့ မသေဘူး။ နောက်အမျိုးသမီး နှစ်ယောက်လည်း ဒဏ်ရာဘဲ ရတာ” လို့ ပြောပါတယ်။

သစ်ပင် လဲကျမှုကြောင့် ဒဏ်ရာရရှိခဲ့သူတွေကို နမ့်ခမ်းဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေကြတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဒီရက်ပိုင်းမှာ ရှမ်းမြောက်အပြင် ရှမ်းတောင် တောင်ကြီး၊ ညောင်ရွှေမြို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် မနေ့ ဇွန်လ ၈ ရက်မှာလည်း တန့်ယန်းမြို့ ရပ်ကွက် ၆ မှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြေပိပြီးတော့ သေဆုံးသွားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။