ရွှေဖီမြေ၊ ‌ဇွန်လ ၁၀ ရက်

မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့ရဲစခန်းကို ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ‌တော်လှန်ရေးပူပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီမြစ်ခြေရဲစခန်းကို ဒီနေ့ ဇွန် ၁၀ ရက် မနက် ၄ နာရီမှာ မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ပခုက္ကူခရိုင်စစ်ဌာနရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မနက် ၅ နာရီမှာတော့ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားရှိပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကိုလည်း စစ်ဘက်ဆိုင်ရာဥပဒေနဲ့အညီ စိစစ်ဖော်ထုတ် အရေးယူ သွားမယ်လို့ ဆိုထားပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း G 3 ၁၈ လက်၊ 79 ၁ လက်၊ ‌ခြောက်လုံးပြူး ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ G 3 ကျည်ဘောက် ၂၇ ဘောက်၊ လက်လုပ် လေသေနတ် ၁ လက်၊ ကျည်ကာ ဦးထုပ် ၇ လုံး၊ G 3 ကျည် ၁၉၀၈ တောင့် သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ဖော်ပြထားတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကနေ ဇွန် ၂ ရက်အထိ မြစ်ခြေမြို့ရှိ နေအိမ်ပေါင်း ၁ ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၂၄ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။