Browsing Category
သတင်း
3932 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
တောင်ကုတ်မှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ရဟန်းအပါအဝင် ၁၄ ဦး ဏ်ရာရ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ရဟန်း တစ်ပါး အပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
မန္တလေးမှာ အာဇာနည်နေ့အခမ်းအနားတွေ မလုပ်ဖို့စစ်ကောင်စီတပ်က ပိတ်ပင်၊ ဗဟိုမီးသတ်မှာပဲ ဉဩဆွဲဖို့ခွင့်ပြု
မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ အာဇာနည်နေ့အခမ်းအနားတွေနဲ့ဉဩဆွဲမှုတွေ မလုပ်ဖို့ စစ်ကောင်စီက ပိတ်ပင်တားမြစ်ထားပြီး ဗဟိုမီးသတ်စခန်းတစ်ခုထဲမှာပဲ ဟန်ပြလုပ်ဆောင်ဖို့ ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကွတ်ခိုင်က သက်ငယ်အဓမ္မပြုကျင့်မှု ကျူးလွန်ထားပြီး ထောင်ဖောက်ပြေးသွားတဲ့ စစ်တပ် CDM ခွဲစိတ်ဆရာဝန် အောင်ဖြိုးနိုင်ဟာ စစ်ကောင်စီ ထိန််းချုပ်တဲ့ တန့်ယန်းမြို့က မိုင်ဆုန်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေ
ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှာ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် ၈ ရှိ ရွှေကွတ်ခိုင် အထူးကုဆေးခန်းမှ ဆေးခန်းပိုင်ရှင် အောင်ဖြိုးနိုင်ဟာ သူ့ဆေးခန်းမှာ အလုပ်လုပ်နေတဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာကြောင့် တအာင်းတပ် TNLA က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
ရွှေလီမြစ်ကမ်းဘေးမှာနေထိုင်တဲ့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် တရုတ်နိုင်ငံရဲ့ ရေကာတာဖွင့်ချမှုမှာ ပွင့်လင်းမြင်သာမှုရှိဖို့ TEWG တိုက်တွန်း
တရုတ်နိုင်ငံထဲ မိုးပြင်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနယ်စပ်အနီးမှာရှိတဲ့ တရုတ်နိုင်ငံထဲက ရေကာတာတစ်ခုကို ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကစပြီး တရုတ်က ဖွင့်ချဖို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ ရေတွေမြင့်တက်လာခဲ့ပါတယ်။