ဓာတ်ပုံ – TEWG

ရွှေဖီမြေ၊ ဇူလိုင် ၁၈ ရက်

တရုတ်နိုင်ငံထဲ မိုးပြင်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနယ်စပ်အနီးမှာရှိတဲ့ တရုတ်နိုင်ငံထဲက ရေကာတာတစ်ခုကို ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကစပြီး တရုတ်က ဖွင့်ချဖို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ ရေတွေမြင့်တက်လာခဲ့ပါတယ်။

ရေကာတာဖွင့်ချခဲ့ချိန်ကစပြီး လက်ရှိအချိန်အထိ ရွှေလီမြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတွေရဲ့ ကြံခင်း၊ ပြောင်းခင်း၊ စပါးခင်းနဲ့ အခြားစိုက်ပျိုးခင်းတွေ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံစားကြရသလို သဲထုတ်လုပ်ငန်းတွေနဲ့ ကမ်းကူးလုပ်ငန်းတွေအကုန်လုံး ရပ်နားကြရတယ်လို့ တအာင်းသဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့ – TEWG က ဆိုပါတယ်။

ဒါ့အပြင် ရွှေလီရေအားလျှပ်စစ်စီမံကိန်း အမှတ် (၁) ရေကာတာကိုလည်း ဖွင့်ချမယ့်အခြေအနေရှိမရှိ မသိရသေးတာကြောင့် တရုတ်နိုင်ငံအနေနဲ့ ဒေသခံပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံရေးကို ရှေးရှုပြီး မြစ်ကမ်းဘေးမှာနေထိုင်ကြတဲ့ ပြည်သူတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် ရေကာတာတွေကနေ ရေလွှတ်ချမယ့်အခြေအနေတွေနဲ့ ပက်သက်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ဖြန့်ဝေပေးဖို့ ၎င်းတို့ တောင်းဆိုထားပါတယ်။

နောက်ဆုံး ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်တွေကို လျှော့ချနိုင်ဖို့အတွက် ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုကို မြှင့်တင်ပေးနိုင်ဖို့အတွက် တရုတ်အစိုးနဲ့ မြန်မာနယ်စပ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။