တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေအပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၂ ဦး ထိမှန်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့မှာ ပြည်သူ့စစ်အချင်ချင်း စကားများကြရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့ရှောင်လမ်းမှာ ဓါးဒဏ်ရာ၊ သေနတ်ဒဏ်ရာနဲ့ သေဆုံးပုတ်ပွနေတဲ့ အမျိုးသမီးအလောင်း ၂ လောင်းတွေ့ရှိပြီး သက်ဆိုင်ရာက သတင်းဖုံးထား

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှောင်လမ်းမှာ သေနတ်ဒဏ်ရာ၊ ဓါးဒဏ်ရာနဲ့ သေဆုံးပြီး ပုတ်ပွနေတဲ့ အလောင်း ၂ လောင်းကို တွေ့ခဲ့ပေမယ့် သက်ဆိုင်ရာက သတင်းဖုံးထားကြောင်း ကိုယ်တိုင်မြင်ခဲ့ရသူ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမှာ ပါဆယ်အထုပ်လာပို့တဲ့ ကားသမားတစ်ဦး ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ကားသမားအမျိုးသားတစ်ဦးက ပါဆယ်အထုပ်လာပို့ချိန်မှာပဲ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သံတွဲမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံးကြဲလို့ ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံး

အာရက္ခာတပ်တော် – AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဘုရားသုံးဆူမြို့နယ်မှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ အရပ်သား ၂ ဦး သေဆုံး

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမြို့နယ်မှာ အမျိုးသမီးတစ်ဦး မိုင်း နင်းမိပြီး သေဆုံး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် မတ်လွတ်ကျေးရွာက အမျိုးသမီးတစ်ဦးဟာ မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ခေါင်းဆောင်သစ် ၂ ဦးကို ဂုဏ်ပြုကြောင်း မိုင်းလားတပ်လည်း သဝဏ်လွှာပေးပို့

မတ်လ ၃၁ ရက်က စစ်ကောင်စီရဲ့ ခေါင်းဆောင်သစ်တွေဖြစ်လာတဲ့ တပ်မတော်ကာကွယ်ရေးဥဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ဂုဏ်ပြုကြောင်း မိုင်းလားတပ်- NDAA က မနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကွတ်ခိုင် မိုင်းယုလေးအနီးက ဟိုခိုရွာအဝင် ဆိုင်းဘုတ်လည်း ဖျက်စီးခံရ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအုပ်စု ဟိုခိုကျေးရွာရဲ့ ရွာအဝင်ဆိုင်းဘုတ်လည်း လာရောက်ဖျက်ဆီးခံသွားရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တီးတိန်-ကလေး လမ်းပိုင်းမှာ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်-ကလေး ကားလမ်းပေါ်မှာ လမ်းပြုပြင်ရေး လုပ်ကိုင်နေတဲ့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။