မိုင်းရူပ၊ ဇွန်လ ၁၇ ရက်၊ ဝက်လက်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ နတ်ကုန်းရွာသစ်နဲ့ ဝက်လူးအိုင်ရွာထဲကို စစ်ကောင်စီတပ်ဘက်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇွန်လ ၁၆ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာ နတ်ကုန်းရွာသစ်နဲ့ ဝက်လူးအိုင်ရွာထဲကို စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အသေခံဒရုန်း ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“အခု ကြဲခံရတဲ့ရွာတွေက ဝက်လက်နယ် တောင်ခြမ်းပေါ့။ တစ်ရွာကို အသေခံဒရုန်း ၂ စီးနဲ့ လာကြဲတာ။ အသက် ၅၀ ကျော် အန်တီကြီးတစ်ယောက် ထိပြီး ဆုံးသွားတယ်။ နောက် ဒဏ်ရာရတဲ့ ၂ ဦးလည်း အမျိုးသမီးတွေပဲ” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ရွာဟာ တိုက်ပွဲဖြစ်ပွားတာမရှိသလို တော်လှန်ရေးတပ်တွေ နေထိုင်တာလည်း မရှိဘဲ အရပ်သားတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီက ၎င်းလက်လွှတ်ထားရတဲ့ နယ်မြေတွေကို ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေသလို ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေပြီး စစ်ကိုင်းတိုင်းထဲမှာတော့ နေရာအများစုကို တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ မတ်လ ၃၁ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၅,၄၇၈) ဦး သေဆုံးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။