ဓာတ်ပုံ – Screenshot

ပပ၊ ဇွန်လ ၁၇ ရက်၊ ပြင်ဦးလွင်

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံရဲ့ ရတနာပုံ မြို့သစ်စီမံကိန်းထဲပါတဲ့ သုံးတောင်ရွာမှ ဆိုင်နဲ့ အိမ်ခန်းပေါင်း ၁၀၀ ကျော်ကို အစားထိုး နေရာမပေးတဲ့အပြင် အတင်းအဓမ္မ ဖယ်ရှားခိုင်းလို့ ဒေသခံတွေ အခက်ကြုံနေရကြောင်း ဈေးဆိုင်ခန်းငှားသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎၎င်းနေရာရှိ နေအိမ်နဲ့ ဈေးဆိုင်တွေကို ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကတည်းက စတင်ဖယ်ရှားခိုင်းတာဖြစ်ပြီး ဇွန်လ ၁၅ ရက်မှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့ စာထုတ်ပြန်ခဲ့ပေမဲ့ အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာတွေရဲ့ တောင်းဆိုချက်ကြောင့် ဇွန်လ ၂၀ ရက်မှာ အပြီး ဖယ်ရှားပေးဖို့ ဖြစ်သွားကြောင်း ဆိုထားပါတယ်။

‎ဆိုင်ခန်းငှားသူ အမျိုးသမီးက “ချက်ချင်းကြီးပြောင်းဖို့ အဲနေ့က ပူထူနေကြသေးတယ်။ ပြီးမှ အချိန်နည်းနည်းရသေးတယ်ပြောမှ ကျမတို့က ပစ္စည်းတွေ ရွှေ့ရတာ။ တချို့အိမ်ပိုင်တွေက ပိုသနားစရာကောင်းတယ်။ ရရသမျှ လာမဖျက်ခင် သွပ်မိုးကအစ အကုန်ဖြုတ်သိမ်းကြတာ” လို့ ပြောပါတယ်။

‎၎င်းနေရာဟာ လွန်ခဲ့တဲ့ နှစ် ၅၀ ဝန်းကျင်ကတည်းက အစိုးရပိုင်နေရာဖြစ်ခဲ့ပေမဲ့ အဆင့်ဆင့်သော စစ်တပ်နဲ့ ဝန်ထမ်းတွေက ဒေသခံတွေထံ ရောင်းချခဲ့တာလို့ ဆိုပါတယ်။

‎လက်ရှိမှာတော့ ၎င်းအိမ်နဲ့ ဆိုင်တွေ ပြောင်းရွေ့နေရသူတွေဟာ နီးစပ်ရာအိမ်တွေနဲ့ လမ်းဘေးတွေမှာသာ တဲထိုးပြီး နေနေရပေမဲ့ တာဝန်ရှိသူတွေက အစားထိုးနေရာ ပြန်ချပေးဖို့ ပြောဆိုထားတာလည်း မရှိကြောင်း ၎င်းနေရာနဲ့ အနီးဝန်းကျင်မှာ နေထိုင်တဲ့ နောက်ထပ် အမျိုးသားတစ်ဦးက ဆိုပါတယ်။

‎”အဲဒီလူတွေထဲက တချို့ဆို မြေဂရမ်တို့ ဘာတို့အကုန်ရှိတယ်။ ပြကြတယ်။ မရဘူးလို့ ပြောတယ်။ အဆင်ပြေတဲ့နေရာပြောင်းကြလို့ဘဲ ပြောတာ ။ မပြောင်းရင် အကုန်ထိုးချပစ်မှာတဲ့ဗျာ။ တချို့က မျက်ရည်မျက်ခွက်နဲ့ ကိုယ့်အိမ်ကိုဖြိုနေကြတာဗျာ။ မြင်ရတာ မကောင်းလိုက်တာ” လို့ ပြောပါတယ်။

‎ဒါ့အပြင် သတ်မှတ်ရက်အတွင်း မဖယ်ရှားပေးတဲ့ နေအိမ်တွေကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

‎အလားတူ ပြင်ဦးလွင်မြို့မှာ အစိုးရပိုင်နေရာနဲ့ မကင်းလွတ်ကြောင်း အကြောင်းပြပြီး မကြာခဏ နေအိမ်ဖယ်ရှားခံရတာတွေ ရှိနေပါတယ်။

‎ပြီးခဲ့တဲ့ မတ်လ ပထမပတ်ကလည်း ပြင်ဦးလွင် ဘူတာအနီးက နေအိမ်တွေဟာ လမ်းနယ်နဲ့ မလွတ်‌ကြောင်းဆိုပြီး ခြံခတ်ထားတဲ့ ခြံစည်းရိုးနဲ့ အိမ်တချို့တွေကို မြေတူးစက်နဲ့ ဖျက်ဆီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။