ရွှေဖီမြေ၊ ဇွန်လ ၁၇ ရက်၊ ကွတ်ခိုင်

ကွတ်ခိုင်မြို့နယ် ငေါ့ငါ့ကျေးရွာမှာ ကိုးကန့်တပ် – MNDAA ရဲ့ ရွှေတူးဖော်မှု ရပ်နားခြင်းမပြုတာကြောင့် ဒေသခံတွေရဲ့ လယ်ဧက ၁၀၀ ကျော် စိုက်ပျိုးလို့မရဖြစ်နေတဲ့အချိန်မှာ ငေါ့ငါ့ကျေးရွာဝန်းကျင်မှာ သတ္တုတူးဖော်မှုလုပ်ငန်းထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“သတ္ထုက ၅ လပိုင်းက စရှာတာ။ ရပ်ရွာက အစပေးမတူးဘူး။ ဒါပေမဲ့ မပေးရင်လည်း တူးမယ်ဆိုပြီး ဖိအားပေးပြီး အတင်းစာချုပ်ချုပ်ပြီးတူးတာ။ စာချုပ်တဲ့အထဲ ရပ်ရွာအားလုံးရဲ့ သဘောဆန္ဒအရချုပ်တာမဟုတ်ဘူး။ ရပ်ရွာကော်မတီ အချို့နဲ့ ရပ်ရွာစာရေးတွေက လုပ်သွားတဲ့ ပုံစံမျိုးဖြစ်နေတယ်”

အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးက အခုကိုးကန့်တပ်တူးဖော်မယ့် သတ္ထုဟာ ဘယ်လိုသတ္ထုမျိုးလဲဆိုတာ မသိရှိသလို စာချုပ်မချုပ်ခင်တုန်းက ဧရိယာ တစ်မိုင်ဝန်းကျင်သာတူးဖော်မယ်လို့သက်ဆိုင်ရာက ပြောခဲ့ပေမဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့အချိန်မှာတော့ ၁၀ မိုင်အထိ တူးမယ်ဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။

“ဆယ်မိုင်အထိကျော်အထိ လုပ်လာတော့ လုပ်ကိုင်စားသောက်နေတဲ့ လက်ဖက်ခြံတွေလည်း ပါကုန်တာ။ ရပ်ရွာကတော့ မလုပ်စေချင်ဘူး။ သွားပြောကြည့်သေးတယ်။ သူတို့ထိန်းချုပ်နယ်မြေဖြစ်လို့ လုပ်မှာပဲဆိုတဲ့ပုံစံ။ ပြောချင်ရင် လောက်ကိုင်အထိ သွားပြောရမယ်လို့ ပြန်ပြောတယ်”

ငေါ့ငါ့ကျေးရွာ သတ္ထုတူးဖော်မှုကို ကိုးကန့်တပ်က ဦးဆောင်နေတာဖြစ်ပြီး တူးဖော်မယ့်ဧရိယာတွေမှာ ကိုးကန့်တပ်က လုံခြုံရေးတွေလည်း ယူထားကြောင်းသူက ဆက်ပြီးပြောပါတယ်။

ငေါ့ငါ့ကျေးရွာမှာ အခုလို ကိုးကန့်တပ် – MNDAA က လယ်ကွက်တွေမှာ ရွှေတူးဖော်တာ၊ လက်ဖက်ခြံတွေနဲ့ ရွာပိုင်မြေတွေမှာ သတ္ထုတူးဖော်မှုတွေ မလုပ်ဖို့ ရွာခံတွေက တောင်းဆိုနေကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။