ဓါတ်ပုံ – Local

ပို့လဘား၊ ဇွန်လ ၂၉ ရက်၊ မူဆယ်

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တချို့ ရေကြီးရေလျှံ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဇွန်လ ၂၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ မိုး စတင်ရွာသွန်းတာဖြစ်ပြီး မြေနိမ့်ပိုင်းဖြစ်တဲ့ မန်ဝိန်း၊ ဟိုမွန်၊ မြို့လယ်နဲ့ ဆင်ဖြူပေါက်အနီး စတဲ့ရပ်ကွက်တွေမှာ ရေကြီးပြီး ကားလမ်းလည်း ပိတ်နေတယ်လို့ ဆိုပါတယ်။

“ဒီနေ့ မိုး အရမ်းကြီးတယ်။ အလယ်ပေါက်ဘက်နဲ့ ဆင်ဖြူပေါက်နားမှာ အဲဘက်တွေကျ မြေနိမ့်‌တဲ့နေရာဖြစ်လို့ နှစ်တိုင်း ရေကြီးတယ်။ တောင်ကျရေတွေကြောင့်လည်း ပါတာပေါ့။ ကျနော်တို့ရပ်ကွက်ဆို ကားတွေလည်း သွားလာလို့မရဘူး။ ပိတ်နေတယ်”

မူဆယ်မြို့ရှိ ကောင်းမှုလွယ်၊ ဟိုနား၊ စက်မှုဇုန်၊ စွမ်စော်ရပ်ကွက်နဲ့ ဆင်ဖြူဂိတ်တွေမှာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပြီး နေအိမ် ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

မူဆယ်မြို့အပြင် တခြားဒေသဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်နဲ့ မိုးကောင်းမြို့ဘက်မှာလည်း ဒီနေ့ ဇွန်လ ၂၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။