ပျားကြီး၊ ဩဂုတ် ၂၆၊ မန္တလေး

လက်ရှိကျင်းပနေဆဲဖြစ်တဲ့ တောင်ပြုန်းနတ်ပွဲမှာ လက်နက်အပြည့်အစုံနဲ့လုံခြုံရေးရယူနေတဲ့ စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေအထပ်ထပ်ရှိနေတဲ့ကြားက လုယက်ခံရမှုတွေဟာ နေ့စဥ်ရာနဲ့ချီပြီးရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

မတ္တရာမြို့နယ်၊ တောင်ပြုန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး နတ်ပွဲကိုကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နေ့စဥ်အနယ်နယ်အရပ်ရပ်ကလူပေါင်းသောင်းနဲ့ချီလာရောက်ပူဇော်ပသမှုတွေပြုလုပ်ကြတာဖြစ်ပါတယ်။

“လုတဲ့သူက သူတို့(ပျူစောထီး)တွေရှေ့ကနေဖြတ်ပြေးသွားလို့ လုသွားတယ်၊ ဖမ်းပေးပါဆိုပြီးအကုန်ဝိုင်းအော်တာတောင်မသိသလိုလုပ်နေတာ။သွားတိုင်ရင်လည်း ဒီလောက်လူတွေအများကြီး ဘယ်လိုရှာပြီးဖမ်းရမှာလဲ။ အလုပ်ရှုပ်တယ်၊ လာမတိုင်ကြနဲ့၊ ကိုယ်ဖြစ်ရင်ကိုယ်ခံဆိုပြီးမောင်းထုတ်တာဆိုတော့ ဘယ်သူမှလည်းသွားမတိုင်ကြတော့ဘူး။အဲ့ဒါမျိုးက တစ်ရက်တစ်ရက်ကို ရာနဲ့ချီရှိတာ”လို့ မတ္တရာမြို့နယ်က ဈေးသည်တစ်ဦးကပြောပါတယ်။

လုယက်ခံရမှုတွေနဲ့ပတ်သက်ပြီးတိုင်ကြားမှုတွေအမြောက်အများရှိပေမဲ့ တစ်စုံတစ်ရာဖြေရှင်းအရေးယူတာတွေမရှိဘဲ လုယက်မှုကျူးလွန်သူတွေလည်းဖမ်းဆီးခံရတာမရှိဘူးလို့ လုယက်မှုကျူးလွန်ခံခဲ့ရတဲ့ အသက် ၅၀ အရွယ် မန္တလေးမြို့ခံအမျိုးသမီးတစ်ဦးကဆိုပါတယ်။

ပျူစောထီးတွေဟာ ပွဲတော်ကိုလာသမျှလူတွေဆီက ကားတစ်စီးကိုရွာဝင်ကြေးအဖြစ် ငွေကျပ် ၁၀၀၀၀ နှုန်း၊ ယာဥ်အပ်ခ ၅၀၀၀ နှုန်း၊ ဆိုင်ကယ်တစ်စီးကို ရွာဝင်ကြေး ၅၀၀၀ နဲ့အပ်နှံခ ၃၀၀၀ နှုန်းကိုနေ့စဥ်ကောက်ယူပြီးအဓမ္မစီးပွားရှာနေကြတယ်လို့ဒေသခံတွေကဆိုပါတယ်။

တောင်ပြုန်းနတ်ပွဲကို ဩဂုတ်လ ၂၈ ရက်(ဝါခေါင်လပြည့်နေ့)အထိပြုလုပ်မှာဖြစ်ပြီး နတ်ကိုးကွယ်မှုကိုယုံကြည်တဲ့ စစ်ကောင်စီအရာရှိပေါင်းများစွာဟာ ကန်တော့ပွဲတွေနဲ့ပူဇော်ပသမှုတွေပြုလုပ်လေ့ရှိနေတယ်လို့ တောင်ပြုန်းကျေးရွာကဒေသခံတစ်ဦးကဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့အမျိုးသား ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးလို့ ၁ ဦးသေ တစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့နယ် အေးသာယာမြို့မှာ ကားအရောင်းအဝယ်လုပ်တဲ့ ညီအစ်ကို ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးသွားလို့ ညီလေးဖြစ်သူသေဆုံးပြီး အစ်ကိုဖြစ်သူက ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ကိုးကန့်တပ် ဖမ်းဆီးထားတဲ့ မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်လာပြီး ၅ဦး ကျန်ရှိနေ

ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လားရှိုးမြိနယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ၅ ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မုံးကိုးမှာ TNLA ထံ တာဝန်ထမ်းဆော​င်သူတွေရဲ့ စာရင်းကို ကိုးကန့်တပ် တောင်းခံနေ၊ ဖမ်းဆီးခံထားရတဲ့ တပ်သားတွေလည်း ရှိနေ

ကိုးကန့်တပ် MNDAA က ၎င်းထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့က တအာင်းရွာတွေကို အစည်းအဝေးခေါ်ယူပြီး ရွာထဲက တအာင်းတပ် TNLA ထံ တာဝန်ထမ်းဆောင်တဲ့ သူတွေရဲ့ စာရင်းတွေ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။