ဓာတ်ပုံ- CJ

မြတ်နိုး၊ ဇွန်လ ၂၉ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ရွာ သုံးသိန်းမှော် ကျောက်စိမ်း တူးဖော်ရေးနယ်မြေမှာ မနေ့ ဇွန်လ ၂၈ ရက် မနက်အစောပိုင်းက မြေစာပြိုကျမှု ဖြစ်ပွားခဲ့ပြီး ပိမိသေဆုံးခဲ့သူ ၇ ဦးအနက် ၅ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားပေမဲ့ ကျန် ၂ ဦးကိုတော့ ရှာဖွေနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဖားကန့် နမ့်မှော် ကျောက်စိမ်းနယ်မြေမှာ မြေစာ ပြိုကျတာပါ။ သေဆုံးသူ ၇ ယောက်ထဲက ၅ ယောက်ရဲ့အလောင်းကို ရှာတွေ့ထားပါတယ်။ နောက်ထပ် ၂ ယောက်ရဲ့ အလောင်းတော့ ရှာမတွေ့သေးဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မြေစာ ပြိုမှုဟာ ဇွန်လ ၂၈ ရက် မနက် ၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့နဲ့ ဒေသခံတွေက ပျောက်ဆုံးနေသူကို ဆက်လက် ရှာဖွေနေတယ်လို့ သိရပါတယ်။

“အခု မိုးရာသီဆိုတော့ ကမ်းပါးတွေ၊ မြေစာပုံတွေက အချိန်မရွေး ပြိုကျနိုင်တယ်။ ရေမဆေး ရှာဖွေသူတွေအနေနဲ့ အရမ်းအန္တရာယ်များတဲ့အတွက် သတိထားကြစေချင်ပါတယ်” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဖားကန့် ကျောက်စိမ်း တူးဖော်ရေးနယ်မြေမှာ မိုးရာသီရောက်တိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေစာပုံ ပြိုကျတာ၊ ကမ်းပါး ပြိုကျတာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ရေမဆေးကျောက် ရှာဖွေသူအပါအဝင် လူသေဆုံးမှု နှစ်စဉ် ဖြစ်ပွားနေပါတယ်။

ဇွန်လအတွင်း ဖားကန့်ဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုနိုင်တဲ့အန္တရာယ် မြင့်တက်နေကြောင်း ဒေသခံတွေက ပြောဆိုထားပါတယ်။

ဖားကန့်ကျောက်စိမ်းနယ်မြေမှာ ၂၀၁၈ ခုနှစ်ကစပြီး မြေစာပြိုမှု ဆက်တိုက် ဖြစ်ပွားခဲ့ရာ လူရာနဲ့ချီ သေဆုံးခဲ့ပြီး မိုးရာသီအတွင်း ရေမဆေးကျောက် ရှာဖွေသူတွေအတွက် အန္တရာယ်အများဆုံး ဒေသတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။