SSPP နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပြီးနောက် စစ်တပ်က ပုံဝိုးရွာခံ အမျိုးသား ၅ ဦးကို ဖမ်းဆီးစစ်ဆေး
ရှမ်းမြောက် ကျောက်မဲမြို့နယ်ထဲ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP လှုပ်ရှားနယ်မြေဖြစ်တဲ့ ပုံဝိုးရွာအနီးမှာ SSPP နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ရွာခံအမျိုးသားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ SSPP က သတင်းထုတ်ပြန်ပါတယ်။