ဓာတ်ပုံ – SPM (ပုံဟောင်း)

ရွှေဖီမြေ၊ ဇွန်လ ၂၃ ရက်၊ ကွတ်ခိုင်

ကိုးကန့်တပ် ပြန်ထိန်းချုပ်တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ ကျောင်းဆရာတစ်ဦးကို အမည်မသိ အမျိုးသား ၂ ဦးက သေနတ်ထောက်ပြီး ဓားပြတိုက်သွားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ‌ဇွန်လ ၁၅ ရက် ညနေ ၆ နာရီခွဲမှာ ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာမှာ တာဝန်ကျတဲ့ မူကြိုကျောင်းဆရာမတစ်ဦးက မြို့ကနေ ပြန်လာတဲ့အချိန်မှာပဲ ဓားပြတိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

“မြို့ကနေ ပြန်လာတာ။ တစ်ယောက်ထဲ ဆိုင်ကယ်စီးလာပြီး မန်ဂျက်လမ်းအကွေ့နားမှာ ဓားပြတိုက်ခံရတာ။ သူတို့နှစ်ယောက်က ပစ္စတိုသေနတ်တွေလည်း ပါတယ်။ သူတို့နှစ်ယောက်က ဆိုင်ကယ်လုတဲ့အချိန်မှာ ကျမလည်း သူတို့နှစ်ယောက်ဆီ ပြန်လုတာပေါ့။ အဲချိန်မှာ သူတို့‌နှစ်‌ယောက်က ကျမကို သေနတ်နဲ့ထောက်ပြီး လုယူသွားတာ။ ဆိုင်ကယ်က ဝယ်ထားတာ မကြာသေးဘူး။ ၃ လပဲရှိသေးတယ်” ဆိုပြီး အဆိုပါ ကျောင်းဆရာမက ပြောပါတယ်။

အဲဒီဓားပြတိုက်မှုအတွင်း ငွေ ၆ သိန်း၊ ဆိုင်ကယ်နဲ့ ဖုန်းတစ်လုံး ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

၎င်းဓားပြတိုက်ခံရတဲ့ အဆိုပါ ကျောင်းဆရာမဟာ ကွတ်ခိုင်မြို့နယ် တုံဆင်ကြီးကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ခိုတင်ကျေးရွာမှာ မူကြိုကျောင်းဆရာမအဖြစ် လာရောက်တာဝန်ထမ်းဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဓားပြတိုက်မှု ဖြစ်ပွားပြီးနောက်မှာ ကျေးရွာခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြတာလို့‌ ပြောပါတယ်။

“အခု အဲလမ်းက တစ်ယောက်ထဲဆို မသွားရဲတော့ဘူး။ သူငယ်ချင်းတွေပါမှ သွားရဲတော့တာ။ ခါတိုင်းဆို တစ်ယောက်ထဲလည်း သွားသွားလာလာလုပ်ရဲတယ်။ အခုက အပေါ်လမ်းပဲ သွားလာနေကြတာ များတယ်” ဆိုပြီး ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကလည်း ကွတ်ခိုင်မြို့နယ် တက္ကနိုင်း‌ကျေးရွာအုပ်စု ဟိုနားကျေးရွာမှာ ကိုးကန့်တပ်မတော် MNDAAက ဒေသခံတစ်ဦးရဲ့ နေအိမ်ကို ဝင်ရောက်မွှေနှောက်ပြီး ဓားပြတိုက်သွားခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။