ဓာတ်ပုံ- CJ

ဝတ်ရည်၊ ဇွန်လ ၂၆ ရက်၊ နတ်မောက်

မကွေးတိုင်း နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ ဦးအပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။

မနေ့ ဇွန်လ ၂၅ ရက် ညနေ ၄ နာရီခွဲမှာ နတ်မောက်မြို့နယ် သမုန်းကုန်းရွာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“ကျေးရွာက နေအိမ် ၁ အိမ်ပေါ်ကို ဗုံး ကျတာ။ မိသားစု ၃ ယောက်နဲ့ အခြားရွာခံ ၂ ယောက် ပွဲချင်းသေဆုံးတာ။ နောက်ထပ် ၃ ယောက်က ဒဏ်ရာ ပြင်းထန်တယ်။ ဗုံးလည်း ကြဲတယ်။ စစ်သေနတ်တွေနဲ့လည်း ရွာထဲ ရမ်းပစ်သွားတယ်။ တိုက်ပွဲ ဖြစ်ပွားတာ မရှိပါဘူးဗျာ” ဆိုပြီး ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်အိမ်တည်းနေ အသက် ၃၃ နှစ် မိခင်ဖြစ်သူ ဒေါ်သန်းသန်းမော်၊ ၁၂ နှစ်အရွယ် သားကြီးဖြစ်သူ မောင်အောင်ဘုန်းခန့်၊ ၈ နှစ်အရွယ် သားငယ်ဖြစ်သူ မောင်ညီဘုန်းခန့်၊ ရွာခံဖြစ်သူ ကိုချစ်ဦးနဲ့ ဒေါ်ရီတို့ သေဆုံးခဲ့ပါတယ်။

ဒေသခံတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့၊ စစ်ရေးသတိရှိရှိ နေထိုင်ကြဖို့ကိုလည်း နတ်မောက် ပကဖက တိုက်တွန်းထားပါတယ်။

စစ်တပ်က ၎င်းတို့ လက်လွှတ်ခဲ့ရတဲ့ နေရာတွေကို ပြန်ရနိုင်ဖို့ မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေသလို လက်နက်ကြီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကိုလည်း ဆက်တိုက် လုပ်ဆောင်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း ဆက်ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။