ဓာတ်ပုံ- AA

ဝတ်ရည်၊ ဇွန်လ ၁၉ ရက်

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် ကျောက်တော်၊ ဂွနဲ့ ကျိန္တလီမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက် နေ့လယ် ၃ နာရီကစပြီး ကျောက်တော်မြို့ပေါ်က ဒေသခံတွေ နေထိုင်တဲ့ ရပ်ကွက်နဲ့ လမ်းမတော်ရွာက ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာ ၄ စီးနဲ့ တစ်နာရီနီးပါးကြာအောင် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် ဒေသခံ ၈ ဦး သေဆုံးပြီး ၁၉ ဦးထက်မနည်း ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက “ဗုံးကြဲသွားတာက လူနေရပ်ကွက်တွေပဲ ဖြစ်နေတာမို့ ထိခိုက်သေဆုံးမှု ပိုများသွားတာပေါ့။ ဒီတလော လေကြောင်း တိုက်ခိုက်မှုတွေ ခက်စိပ်စိပ် လုပ်ဆောင်လာတာ တွေ့ရတယ်။ ဒေသခံတွေအနေနဲ့လည်း အထူးသတိထားနေထိုင်ဖို့ လိုအပ်တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၄ နှစ်အရွယ် မောင်မြတ်ဟိန်းကျော်၊ ၄၅ နှစ်အရွယ် ဦးမောင်သန်းဌေး၊ ၆၄ နှစ်အရွယ် ဦးမောင်နုသာ၊ ၂၃ နှစ်အရွယ် မစိုးစန္ဒာ၊ ၄၀ နှစ်အရွယ် ဦးလူချေမောင်၊ ၄၀ နှစ် အရွယ် ဦးစောအေးမောင်၊ ၃၆ နှစ်အရွယ် ဦးတူးတူး၊ ၇၈ နှစ်အရွယ် ဒေါ်စိန်စိန်ခေါ် ဘားမေတို့ သေဆုံးခဲ့ပါတယ်။

နောက်ထပ် ဒေသခံ ၁၉ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်ခန်းအပါအဝင် အဆောက်အအုံ ၃၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၄ ရက် ည ၁၂ နာရီကလည်း ဂွမြို့နယ် အမှတ်(၁၁)တိုက်နယ် ကျောက်ချွန်ရွာရှိ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကိုလည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို စာသင်ကျောင်းဆောင်နဲ့ အနီးအနားရှိ နေအိမ်တချို့ ပျက်စီးခဲ့ပြီး နွားတစ်ကောင် သေဆုံးကာ ၁ ကောင် ဒဏ်ရာ ရရှိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အလားတူ ဇွန်လ ၁၅ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်မှာလည်း ဂွမြို့နယ် ကျိန္တလီမြို့ ရမ္မာကျွန်းရွာကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။

AA ထိန်းချုပ်ဒေသအပြင် စစ်တပ်ဟာ ၎င်းတို့ လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်းအပါအဝင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက နယ်မြေတွေကိုလည်း လက်နက်ကြီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း ဆက်ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။