မြိုင်မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း အထိနာပြီး တပ်ပြန်ဆုတ်သွား၊ စစ်တပ်ဘက်က ၅၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း မြိုင်မြို့နယ်ထဲ စစ်ကြောင်း ထိုးနေတဲ့ စစ်အင်အား ၄၀၀ ကျော်ပါ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ သေဆုံးမှု များတာကြောင့် တပ်ပြန်ဆုတ်သွားတယ်လို့ မကွေး PDF က ထုတ်ပြန်ပါတယ်။

ရပ်စောက်မြို့နယ်ထဲက ကျေးရွာတွေမှာ RCSS က ဆန်တွေ အခွန်ကောက်၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်း

ရှမ်းတောင် ရပ်စောက်မြို့နယ်က ကျေးရွာအများစုမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS က အခွန်ကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ဆယ်ကျော်သက် ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦး ဓားခုတ်လုယက်ခံရ၊ လုယက်မှု ဆိုးဆိုးဝါးဝါးဖြစ်နေ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ အသက် ၁၃ နှစ်ဝန်းကျင် ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦး ဓားနဲ့ခုတ်ခံရပြီး ဆိုင်ကယ်လည်း လုယက်ခံခဲ့ရတယ်လို့ လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေကူဒေသအတွင်း စစ်ကောင်စီနဲ့ ဆက်နွယ်မှု မပြုလုပ်ဖို့ KIA သတိပေး

ကချင်ပြည်နယ် ရွှေကူဒေသအတွင်း နေထိုင်ကြတဲ့ ဒေသခံနဲ့ ရွှေတူးဖော်ရေး၊ သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူ‌တွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တာတွေ မပြုလုပ်ကြဖို့ ကချင်တပ်မတော်- KIA ရဲ့ အမှတ်(၁၂)တပ်ရင်းက သတိပေးချက် ထုတ်ပြန်လာပါတယ်။

မင်းအောင်လှိုင် တရုတ်ကနေ ပြန်လာပြီးနောက် တရုတ်ပြည်ရှိ မြန်မာနိုင်ငံသားကို တရုတ်က ဆက်တိုက်ဖမ်းဆီးပြီး နေရပ်ပြန်ပို့တာတွေ လုပ်လာ၊ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့အတွက် ပြန်ပို့တာလို့ဆို

ရှမ်းမြောက် မူဆယ်-တရုတ်နယ်စပ်ကနေတဆင့် တရုတ်နိုင်ငံဘက် ယာယီ နယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်- TBP ကိုင်ဆောင်တဲ့ တစ်ပတ်ကတ်နဲ့ ဝင်လာပြီး ရက်လွန် နေထိုင်သူနဲ့ ခိုးပေါက်ကနေ ဝင်လာတဲ့သူတွေကို တရုတ်ရဲက လိုက်လံ ဖမ်းဆီးပြီးတော့ မြန်မာဘက် ပြန်ပို့ပေးနေပါတယ်။

စဉ့်ကူးမြို့နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၅ ဦးအပါအဝင် ၆ ဦး ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပလာဆေဝ် ဂေါႇမိုႈငျားဒေတံင်ဟောမ် တီႈပ်ုန်လေႈရီမ်းပြောဂါင်နီန် ကဘူးဖါ်ႈ ကောန်အီပ်ုန်အူအီးယံမ်းဟာဝ်း

ဘိူန်းအယ်နံပ် တောပ်ဘည်က္လာင်းတိုအီးအရာပ်ကဲဒါႈ ပကပီုန်ဆျှံမ်ကဒါႇပိူည်ခေဲင်လှံင်လာဆေဝ် ပရဝ်တောင်တလောင်နီန် ကောန်အီပ်ုန်အူအီး ငျားဒေတံင်ဟောမ် တီႈပ်ုန်လေႈရီမ်းပြောဂါင်နီန် ပဲန်ဖါ်ႈကဘူး ယံမ်းဟာဝ်းအောႏ။

လားရှိုးမှာ ရက် ၁၀၀ စီမံချက်အတွင်း မှတ်ပုံတင်တွေ လုပ်ဆောင်ပေးနေတယ်ဆိုပေမယ့် သိန်း ဆယ်နဲ့ချီပြီး ပေးဆောင်နေရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မှတ်ပုံတင် လာရောက်ပြုလုပ်တဲ့ ဒေသခံတွေဟာ ငွေသိန်းဆယ်ချီအထိ ပေးဆောင်နေရတယ်လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ အိမ်ဘေးမှာပေါက်တဲ့ မှိုတစ်မျိုး ခူးစားမိရာကနေ အဆိပ်သင့်ပြီး အမျိုးသမီးတစ်ဦး သေဆုံး

ရှမ်းမြောက် လားရှိုးမြို့နယ် တောင်တလောင်ကျေးရွာမှာ အမျိုးသမီးတစ်ဦးက ၎င်းရဲ့ အိမ်ဘေးမှာ ပေါက်နေတဲ့ မှိုတွေကို ခူးယူချက်စားမိရာကနေ အဆိပ်သင့်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝက်ဝံဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဉ်တွေကို စစ်ကောင်စီတပ်က ငွေကျပ်သိန်း ၃၀၀ အထိ တောင်း

ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ဝက်ဝံဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဉ်တွေထံ ငွေကျပ် သိန်း ၃၀၀ အထိ တောင်းခံကြောင်း ကားမားတွေထံက သိရပါတယ်။