ဓာတ်ပုံ – Local

ပပ၊ ဇွန်လ ၂၃ ရက်၊ နောင်ချို

‎ပြင်ဦးလွင်နဲ့ နောင်ချိုကြားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ဝက်ဝံဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဉ်တွေထံ ငွေကျပ် သိန်း ၃၀၀ အထိ တောင်းခံကြောင်း ကားမားတွေထံက သိရပါတယ်။

‎ဇွန်လ ၂၀ ရက် ည ၇ နာရီ ဝန်းကျင်မှာ နောင်ချိုမှ ဆင်းလာတဲ့ ဘီလပ်မြေတင်ယာဉ်၊ ကုန်မာနဲ့ အိမ်သုံးကုန်အမျိုးမျိုး တင်လာတဲ့ တွဲကား၊ ၁၀ ဘီးနဲ့ ၆ ဘီး စတဲ့ ယာဉ်တွေကို တရားမဝင်ကုန် တင်ဆောင်ကြောင်း ပြောဆိုပြီး ငွေတောင်းခဲ့တာဖြစ်ပါတယ်။

‎ကားသမားတစ်ဦးက “အဲလောက်မဖြစ်နိုင်တဲ့ ပိုက်ဆံကိုမှ တောင်းနေတာကွာ။ ဘယ်လိုလုပ် ပေးနိုင်မှာလဲ။ အဲဒါနဲ့ ဟိုပြောဒီပြောနဲ့ နောက်ဆုံးတော့ သိန်း ၃၀ နဲ့ ဖြတ်လာခဲ့ရတာ။ တချို့မသိတဲ့လူဆို တကယ်ပေးခဲ့ရတာတွေ ရှိတယ်” လို့ ပြောပါတယ်။

‎၎င်းဝက်ဝံဂိတ်ရှိ စစ်ကောင်စီတပ်သားတွေဟာ မူးယစ်ဆေးဝါး သောက်စားပြီး ညအချိန် ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်ယာဉ်တွေကို စစ်ဆေးမေးမြန်းတာ၊ ငွေတောင်းတာတွေရှိနေကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။

‎ဒါ့အပြင် ၎င်းတို့ တောင်းတဲ့ငွေတွေကို မပေးနိုင်တဲ့ ကားသမားတချို့လည်း ဖမ်းဆီးခံနေရတာရှိကြောင်း နောက်ထပ် ကားသမားတစ်ဦးက ဆိုပါတယ်။

‎”အဲနေ့က ပုံမှန်ထက်ပို အစစ်ကြမ်းတယ်။ ဘာရှိလို့လဲတော့ မသိရဘူး။ အသိကား ၂ စီး ခေါ်ထားခံရတယ်။ ခရီးသည်ကားနဲ့ လိုက်တဲ့ ခရီးသည်တွေလည်း ခေါ်ထားခံရတယ်” လို့ ပြောပါတယ်။

‎ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်ကလည်း ၎င်းနေရာမှာ လားရှိုးမှ ခရီးသည်တင်ကားတစ်စီး ဖမ်းဆီးခံခဲ့ရကြောင်း ခရီးသည်တွေကဆိုပေမဲ့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်ပါဘူး။

‎အလားတူ ဖြစ်စဉ်မျိုး ၎င်းဂိတ်မှာ မကြာခန ဖြစ်ပွားနေတာကြောင့် ခရီးသွားတွေ အခက်ကြုံနေရကြောင်း ခရီးသည်တွေနဲ့ ကားသမားတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။