ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဇွန်လ ၂၃ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မှတ်ပုံတင် လာရောက်ပြုလုပ်တဲ့ ဒေသခံတွေဟာ ငွေသိန်းဆယ်ချီအထိ ပေးဆောင်နေရတယ်လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မှတ်ပုံတင် လာရောက်လုပ်ကိုင်သူတွေထဲမှာ လူမျိုးခြားတွေလည်း ပါဝင်ပြီး ၎င်းတို့ကို ၁၀ သိန်းကနေ သိန်းရာချီအထိ ပေးဆောင်ရတာလည်းရှိကြောင်း ဆိုပါတယ်။

လားရှိုးဒေသခံတစ်ဦးက “လူမျိုးခြားဆို (ကုလားတို့လိုမျိုး) ၁၅ သိန်း၊ သိန်း ၂၀ တိုင်းရင်းသားတွေတော့ ၁၀ သိန်းဝန်းကျင်။ တရုတ်တွေက သိန်းရာချီပေးရတာ။ အခုက တရုတ်တွေဘဲ အများဆုံး လုပ်ပေးနေတာ။ တရုတ်တွေက သူတို့ တောင်းသလောက် ပေးနိုင်တယ်လေ” လို့ ပြောပါတယ်။

မှတ်ပုံတင် ပြုလုပ်ဖို့အတွက် ပေးဆောင်ရတဲ့ ငွေတွေကို လဝကနဲ့ ပွဲစားတွေက ပူးပေါင်းပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ အထက်ပါ ဒေသခံက ပြောပါတယ်။

“အခု လက်တွေ့ကတော့ ရုံးထဲဝင်ဖို့တောင် တုံကင်ယူရတာ။ မှတ်ပုံတင်ရုံးထဲကို တိုက်ရိုက် ပေးမဝင်ဘူး။ ပွဲစားနဲ့ စာရေးမတို့နဲ့မှ ဝင်ရတာ။ ပိုက်ဆံပေးပြီးမှ သူတို့နဲ့ကနေတဆင့် ဝင်လို့ရတာ။ အဲပွဲစားတွေလည်း သူတို့ခန့်ထားတဲ့ ပွဲစားတွေဘဲ။ မှတ်ပုံတင်ရုံးကနေ ထွက်သွားတဲ့ ဝန်ထမ်းဟောင်းတွေ သူတို့ဆွေမျိုးအတိုင်းဝိုင်းထဲက လူတွေ၊ စာရေးမရဲ့ ညီမတို့တွေဘဲ။ အပြင်က ပွဲစားမရှိဘူး။ သူတို့ထဲလူ အတူတူတွေဘဲ” လို့ ပြောပါတယ်။

လဝကရုံးရဲ့ စီမံခန့်ခွဲမှု အားနည်းတာကြောင့် တခြားမြို့နယ်က မှတ်ပုံတင် လာလုပ်ကြတဲ့ ဒေသခံအများစုက အခက်အခဲ ရင်ဆိုင်နေရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ပြောတာကြတော့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အလကားလုပ်ပေးမယ်လို့သာ ပြောနေတာ။ ဘာမှ အလကားမဟုတ်ဘူး။ ကျနော်တို့က တခြားမြို့ကနေ လာလုပ်တာဆိုတော့ သူတို့ဘက်က ရုံးဖွင့်ချိန်မဖွင့်ဘူး။ လူတွေ လာစောင့်နေရတာ။ ၉ ခွဲလောက်မှ ရုံးဖွင့်တာ။ ၁၁ ဆို ပိတ်ပြီ။ အဝေးကလာတဲ့လူတွေကျတော့ အဆင်မပြေဘူး‌။ လုပ်ခလည်း ပေးရ။ စားစရိတ်လည်း ကုန်တယ်။ အဆင်ပြေတဲ့လူတွေအတွက် အဆင်ပြေပေမယ့် မရှိတဲ့သူတွေက ဒုက္ခရောက်ကြတာ။ သူများတွေလို ပိုက်ဆံ ဆယ်ချီမရှိဘူး” လို့ ပြောပါတယ်။

အလာတူး ကျောက်မဲမြို့နယ်ဘက်မှာလည်း အခုလို မှတ်ပုံတင်လာရောက်ပြုလုပ်တဲ့ ဒေသခံတွေဟာ ငွေ သိန်းချီပေးဆောင်ရတာမျိုးတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။