ဓာတ်ပုံ- Screenshot

ဟွမ်လောဝ်၊ ဇွန်လ ၂၄ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ အသက် ၁၃ နှစ်ဝန်းကျင် ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦး ဓားနဲ့ခုတ်ခံရပြီး ဆိုင်ကယ်လည်း လုယက်ခံခဲ့ရတယ်လို့ လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်မှာ လားရှိုးမြို့ ရပ်ကွက်(၁) ထင်းရှူးမြိုင်အတက်လမ်းမှာ ဆိုင်ကယ်နဲ့ ဈေးသွားတဲ့အချိန် အမျိုးသား ၂ ဦးက ဓားနဲ့ခုတ်ပြီး ဆိုင်ကယ် လုယက်ခဲ့တာလို့ ဆိုပါတယ်။

လားရှိုးမြို့နေ အမျိုးသမီးက “အဲကောင်မလေးက သူ့လက် ထိသွားလို့ ဆေးရုံတောင် သွားလိုက်ရသေးတယ်။ ဆေးရုံ ဆင်းပြီလားတော့ သေချာမသိဘူး။ သူ့တူလေးလားတော့ မသိပါဘူး။ သူတို့နှစ်ယောက် အတူတူဈေးသွားရင်းနဲ့ လုယက်ခံရတာ။ အဲဒီကလေးလည်း ဓားခုတ်ဒဏ်ရာ ရတယ်။ ဆိုးဆိုးဝါးဝါး ထိထားလားဆိုတာတော့ သေချာမသိရဘူး” လို့ ပြောပါတယ်။

လားရှိုးမြို့မှာ ဓားပြတိုက်မှုအပါအဝင် လုယက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လူသတ်မှုတွေက ဓလေ့တစ်ခုလို ဖြစ်နေပြီး ဒီကိစ္စတွေက လားရှိုးမြို့မှာ အထူးအဆန်း မဟုတ်တော့ဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုပါတယ်။

စစ်တပ် ထိန်းချုပ်ထားတဲ့ဒေသဖြစ်တဲ့ မူဆယ်၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ တန့်ယန်းမြို့အပြင် အခြားမြို့တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်း အရင်ကထက် များလာပြီး ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။