UWSA က လူသတ်မှုကျူးလွန်သူ နောက်ထပ် အမျိုးသားတစ်ဦးကို သေဒဏ်ပေး၊ အလောင်းဖျောက်မှုမှာ ကူညီပေးတဲ့ ရည်းစားဖြစ်သူကိုတော့ ထောင်ဒဏ်ချမှတ်
“ဝ” တပ်မတော် – UWSA က လူသတ်မှု ကျူးလွန်သူ နောက်ထပ်အမျိုးသားတစ်ဦးကို လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို ဖျောက်ဖျက်ရာမှာ ကူညီပေးတဲ့ ရည်းစားဖြစ်သူ အမျိုးသမီးကိုတော့ ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ “ဝ” ပြည်တရားစီရင်ရေးကော်မတီ – WSP က ထုတ်ပြန်ခဲ့ပါတယ်။