ဝတ်ရည်၊ ဧပြီ ၂ ရက်၊ ဖားကန့်
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေအပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဧပြီ ၂ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွါးနေတဲ့ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ ဖားပြင်၊ ယူမာကျေးရွာနဲ့ မရှီကထောင်ရပ်ကွက်တွေဘက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သလို ၂ နာရီ ၂၁ မိနစ်မှာလည်း ဟုမ္မလင်းဘက်ပါ ထပ်မံ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
သတင်းအရင်းအမြစ်တစ်ဦးက “တိုက်ပွဲကတော့ မနက်ကတည်းက ပြန်ပြင်းထန်လာတဲ့ အခြေအနေလို့ ပြောရမှာပါ။ ပြီးခဲ့တဲ့ ရက်တွေတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်တာတွေ ရှိတယ်။ လူထုတွေ အနေနဲ့တော့ လေကြောင်းရန်ကို အထူးသတိထားနေကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။
ဒီနေ့ ဧပြီ ၂ ရက် မနက် ၅ နာရီလောက်မှာ ကချင်တပ် KIA၊ KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲတွေ တဖန်ပြန်လည် ပြင်းထန်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့ ဧပြီ ၂ ရက်မှာတင် ဖားကန့်မြို့ပေါ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။